ယာဉ်တိုက်မှု ဖြစ်ပွားရာမှ သေနတ်တစ်လက်နှင့်ကျည်များ ဖမ်းမိ


ဘားအံ ၊ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ် ၊ ဘားအံမြို့ ဘားအံ-သထုံကားလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ကိုးတောင့်ပါ ကျည်ကတ်တစ်ခု ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘားအံဘက်မှ သထုံဘက်သို့ ကျော်ထူးထူး၊ မီးဘုန်းကျေးရွာ၊ ဘားအံမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးမြအုန်း (၅၂နှစ်) ၊ သစ်ဝါးကျေးရွာ ၊ ဘားအံမြို့နယ်နေသူ လိုက်ပါလာသော ယာဉ်အမှတ် KYN/9K------၊ PROBOX ခဲရောင်ယာဉ်သည် မိုင်တိုင်အမှတ် (၁/၀)နှင့် (၁/၁)အကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ သစ်ပင်အား ဝင်တိုက်မိခဲ့သည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်ပေါ်ပါ ဦးမြအုန်းအား စစ်ဆေးရာမှ ၎င်းခါးကြားတွင် ထိုးထားသည့် တူရကီနိုင်ငံလုပ် ကိုယ်ထည်အမှတ် T6429-07-A007959 နံပါတ်ပါ အနက်ရောင် ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်ကိုးတောင့်ပါ ကျည်ကတ်တစ်ခုတို့အား ရှာဖွေတွေ့ရှိရသဖြင့် ဘားအံမြို့မရဲစခန်းမှ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ယာဉ်တိုက်မှု ဖြစ်ပွားရာမှ သေနတ်တစ်လက်နှင့်ကျည်များ ဖမ်းမိ ယာဉ်တိုက်မှု ဖြစ်ပွားရာမှ သေနတ်တစ်လက်နှင့်ကျည်များ ဖမ်းမိ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.