ကယ်လီဖိုးနီးယား ပစ်ခတ်မှု လူငါးယောက်သေ

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ Rancho Tehama မူလတန်းကျောင်း
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ သေနတ်သမားဟာ မူလတန်းကျောင်းတခုအပါအဝင် နေရာတော်တော်များများကို ပစ်ခတ်ခဲ့တာကြောင့် သေနတ်သမား အပါအဝင် လူငါးယောက် သေဆုံးပြီး ကလေးတွေ တော်တော်များများ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုဟာ Tehama ခရိုင်က အိမ်တအိမ်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ သေနတ်သမားဟာ ရိုင်ဖယ်တလက်နဲ့ ပြောင်းတိုသေနတ် နှစ်လက် ကိုင်ဆောင်ကာကျောင်းအပြင်ဖက်မှာ တွေ့မရှောင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ရဲလက်ချက်နဲ့ သေနတ်သမားလည်းသေဆုံးသွားပြီး သေနတ်သမားဘာရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်ခဲ့သလဲ ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ