တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းပေါ်တွင် ဓါးထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိ


တောင်ငူမြို့တွင် နိုဝင်ဘာ ၂ ရက် နံနက် ၄ နာရီခွဲခန့်က ဇော်ဇော်အောင်၂၆ နှစ်၊ မိုးကောင်းကျေးရွာအုပ်စု၊ တောင်ငူမြို့နေသူသည်၊ တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမအတိုင်း မြောက်မှတောင်သို့ ဆိုင်ကယ်စီးနင်းလာစဉ် ကမ္ဘောဇ ဘဏ်(၁)အနီးသို့ အရောက် ၄င်း၏ဆိုင်ကယ်နဘေးမှကပ်၍၊ အမည်မသိ အမျိုးသားမောင်းနှင်ပြီး၊ အမည်မသိအမျိုးသား လိုက်ပါလာသော ဆိုင်ကယ်မှ ဓါးဖြင့်ထိုးသဖြင့် ဇော်ဇော်အောင်မှာ တောင်ငူဆေးရုံတက်ကုသစဉ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ သေဆုံးမှုဖြစ်စဉ်အား၊ အမှတ် ၁ စခန်းမှူးဒုရဲမှူး ရန်နိုင်လတ်၊ ခရိုင်မှု/ကူမှရဲအုပ် စိုင်းသီဟန် လင်းနှင့် နယ်ထိန်းဒုရဲအုပ်ဟန်လင်းအောင်တို့အဖွဲ့မှ တရားခံအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးခဲ့ပြီး၊ ပြစ်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် အောင်လင်းဦး ၂၃ နှစ်၊ သံပန်းလုပ်ငန်းလုပ်ကိုင်၊ ရှမ်းစုကြီးကျေးရွာ၊ တောင်ငူမြို့နေသူနှင့် ဆိုင်ကယ်မောင်းသူ မျိုးထွန်း ၄၅ နှစ်၊ ဆိုင်ကယ်ရေးဆေးလုပ်ကိုင် ဇေယျာခင်ဦး ၃ လမ်းသွယ်၊၂၀ရပ်ကွက်နေသူတို့ ၂ ဦးအား၊ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဇော်ဇော်အောင် စီးလာသော ဆိုင်ကယ်နှင့် ဓါးဖြင့်ထိုးသူ မျိုးထွန်းတို့
စီးလာသော ဆိုင်ကယ်မှာ ၁၁ ရပ်ကွက်၊ ကန်တော်ကြီးနားတွင် ဆိုင်ကယ်ချင်း ချိတ်မိရာက
စကားများခဲ့ကြပြီး၊ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်း၊ သားဖွားသင်တန်းကျောင်းနှင့် ကမ္ဘောဘဏ် ၁ ရှေ့နားအရောက်တွင် ထပ်မံတွေ့ဆုံး၍ စကားများကြရာမှ မျိုးထွန်းက ၄င်းတွင်အသင့်ပါလာသော ဓါးဖြင့် ထိုးခဲ့သဖြင့် ဇော်ဇော်အောင်တွင် ဓါးဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)
၃.၁၁.၂၀၁၇
တောင်ငူသတင်းပုံရိပ်များ
တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းပေါ်တွင် ဓါးထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိ တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းပေါ်တွင် ဓါးထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.