ပျောက်ဆုံး အာဂျင်တီးနား ရေငုတ်သင်္ဘောကို ဆက်ရှာနေဆဲ

San Juan ရေငုတ်သင်္ဘောဟာ အာဂျင်တီးနား ရေတပ် သင်္ဘောအုပ်စုရဲ့ ရေငုပ်သင်္ဘော၃စီးထဲက အသစ်ဆုံး ဖြစ်
တောင်အတ္တလန်တစ် ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ အာဂျင်တီးနား ရေငုတ်သင်္ဘောကို လိုက်လံ ရှာဖွေနေတဲ့ သင်္ဘောနှစ်စင်းရဲ့ အသံလှိုင်းဖမ်း ကိရိယာမှာ ဖမ်းမိတဲ့ အသံတွေဟာ အဲဒီ ရေငုတ်သင်္ဘောက လာတာ မဟုတ်ဘူးလို့ အာဂျင်တီးနား ရေတပ်က ပြောပါတယ်။

San Juan ရေငုတ်သင်္ဘော သွားနိုင်ဘွယ် ရှိတဲ့ လမ်းကြောင်းပေါ်က နေရာတခုမှာ အဲဒီ အသံတွေကို ဖမ်းမိခဲ့တာ လို့ ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အမှုထမ်း ၄၄ဦး ပါသွားတဲ့ အဲဒီ ရေငုတ်သင်္ဘောဟာ လျှပ်စစ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်တယ်လို့ သတင်းပို့ထားပြီး စခန်းပြန်လာနေတုန်း လွန်ခဲ့တဲ့ ၅ရက်က ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကမ်းရိုးတမ်းကနေ ကီလိုမီတာ ၃၆၀ အကွာက နေရာတခုကနေ အဲဒီ အသံတွေ ထွက်လာတာ ဖြစ်တယ်လို့ ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီနေရာဟာ ပျမ်းမျှ ရေပြင် အနက် မီတာ ၂၀၀လောက် ရှိတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပျောက်ဆုံး အာဂျင်တီးနား ရေငုတ်သင်္ဘောကို ဆက်ရှာနေဆဲ ပျောက်ဆုံး အာဂျင်တီးနား ရေငုတ်သင်္ဘောကို ဆက်ရှာနေဆဲ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.