ရန်ကုန်-စစ်တွေ ကားလမ်းတွင် မိုင်းသုံးလုံးပေါက်ကွဲပြီး ကားတစ်ချို့ အနည်းငယ် ပျက်စီးမှုရှိ


စစ်တွေ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းတွင် ယနေ့နံနက်က မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး ကားတစ်ချို့ အနည်းငယ်ပျက်စီးမှု ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းမိုင်းပေါက်ကွဲမှုကို မင်းပြားရဲစခန်းမှ အတည်ပြုပြီး စစ်ဆေးနေတုန်းဖြစ်ကြောင်း သိရသည်။

“ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်း အနီးမှာ မိုင်းသုံးလုံး ပေါက်တာပါ ။ စစ်ဆေးနေဆဲပါ” ဟု ရဲအုပ်ညီညီ က နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

၎င်းမိုင်များ ပေါက်ကွဲမှုမှာ စစ်တပ်မှ ကားများလာစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု ရဲအုပ် ညီညီ ကပြောသည်။

သို့သော်လည်း ဒေသခံများကမူ မှိုင်းပေါက်ကွဲမူကြောင့် ကားတစ်ချို့ မိုင်းထိပြီး ကားမှန်များကွဲအက်ကာ ထိခိုက် ဒဏ်ရာရသူ တစ်ချို့လည်း ရှိခဲ့ကြောင်းပြောကြားသည်။

၎င်းမိုင်းသုံးလုံးမှာ စစ်တွေမြို့အခြေစိုက် ထပရ(၈၂၈)တပ်ရင်းမှ ကားများ မင်းပြားမြို့နယ်၊ ကန်နီးကျေးရွာအနီးရှိ တိုင်းဗဟို(၉)စစ်သင်တန်းကျောင်း မှအပြန် ရန်ကုန်-စစ်တွေကားလမ်းမိုင်တိုင်အမှတ်(၈၄/၄) အရောက်တွင် ၎င်းမိုင်း ၃ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မင်းပြားမြို့သို့ ဆက်သွယ်ရာ မင်းပြားဒေသခံ ဦးသိန်းဇံက ပေါက်ကွဲမှုသည် ယနေ့နံနက် ၉နာရီခန့် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲသံကိုပင် ကြားခဲ့ရသည်ဟု ပြောကြားသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
ရန်ကုန်-စစ်တွေ ကားလမ်းတွင် မိုင်းသုံးလုံးပေါက်ကွဲပြီး ကားတစ်ချို့ အနည်းငယ် ပျက်စီးမှုရှိ  ရန်ကုန်-စစ်တွေ ကားလမ်းတွင် မိုင်းသုံးလုံးပေါက်ကွဲပြီး ကားတစ်ချို့ အနည်းငယ် ပျက်စီးမှုရှိ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.