စစ်တွေမြို့၌ ဘင်္ဂါလီအလောင်း(၃)လောင်းတွေ့ရှိ


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၀၉၀၀ အချိန်ခန့် က စစ်တွေမြို့ အနောက်စံပြ ရပ်ကွက်၊ ဘာဆာရာကျေးရွာ ပင်လယ်ကမ်းစပ် ခန့်မှန်း(DT-862267)၌ ဘင်္ဂါလီအလောင်း(၃)လောင်း တွေ့ရှိရကြောင်း သိရပါသည်။

အဆိုပါ သတင်းအရ စစ်တွေမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ကမ်းစပ်နှင့် ကိုက်(၅၀) ခန့် အကွာ သဲသောင်ပြင်တွင် ပေါက်တောမြို့နယ်၊ ငှက်ချောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ မာမောက်ဟူစိန်(၅၆)နှစ်၊ ကမ်းစပ်နှင့်ကိုက်(၁၀၀)ခန့် အကွာတွင် အမည်မသိ ဘင်္ဂါလီအမျိုးသား(၅၅)နှစ်ခန့် နှင့် အဆိုပါ ကမ်းစပ်နှင့် ကိုက်(၁၅၀)ခန့်အကွာတွင် အမည်မသိ ဘင်္ဂါလီ အမျိုးသား (၃၀)နှစ်ခန့်တို့၏ အလောင်းများအား ပြင်ပဒဏ်ရာမရှိဘဲ တွေ့ရှိသဖြင့် စစ်တွေပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ၁၂၅၀ အချိန် စစ်တွေမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၅/၂၀၁၇) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
စစ်တွေမြို့၌ ဘင်္ဂါလီအလောင်း(၃)လောင်းတွေ့ရှိ စစ်တွေမြို့၌ ဘင်္ဂါလီအလောင်း(၃)လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.