မူဆယ်​မြို့နယ်အတွင်း ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ​ကောင်းဝှက်​​ကျေးရွာ အနီး၌ လက်​လုပ်​မိုင်း(၁)လုံး​တွေ့ရှိ


မူဆယ် ​နိုဝင်​ဘာ ၂၆

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) မူဆယ်​ခရိုင်​မူဆယ်​မြို့နယ် ​မိုင်းယု(၁၀၅)ကုန်​သွယ်​​ရေးဇုန်​နှင့် (၄)မိုင်​ခန့်​ကွာ​ဝေး​သော ​မော်​​တောင်းအုပ်​စု​ကောင်းဝှက် ​​ကျေးရွာထင်းရူးစိုက်​ခင်းအနီး၌ နိုဝင်​ဘာ (၂၆)ရက်​ ​နေ့လည်​(၁၁း၃၀)နာရီ အချိန်​ခန့်​​​က လက်​လုပ်​မိုင်း(၁)လုံး​တွေ့ရှိခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ် ​မိုင်းယု(၁၀၅)မိုင်​ ကုန်​သွယ်​​ရေးဇုန်​နှင့် (၄)မိုင်​ခန့်​ကွာ​ဝေး​သော​ မော်​​တောင်း​ကျေးရွာအုပ်​စု ​ကောင်းဝှက်​​ကျေးရွာ မိုင်​တိုင်​အမှတ်​၂၇၃/၀ ၂၇၃/၁ကြား မန္တ​လေး-မူဆယ်​ပြည်​​ထောင်​လမ်းမကြီး​ဘေး ၂/၂၀၀၀ ထင်းရူးစိုက်​ခင်း ၅၀ဧကတွင်​ မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ် ​သစ်​​တောဦးစီးဌာနမှ ​တောအုပ်​ကြီးဦး​ကျော်​မိုး​ဆွေနှင့်​ ​တောအုပ်​ဦး​ယောဟန်​တို့ ဦး​ဆောင်​​သော သစ်​​တောအဖွဲ့သည်​ ​ဒေသခံအလုပ်​သမားများဖြင့် နိုဝင်​ဘာ(၂၆)ရက်​​နေ့တွင်​​အဆိုပါ ထင်းရူးစိုက်​ခင်းအား ​ပေါင်းသင်​ရှင်းလင်း​နေစဉ်​ ချူံအတွင်း၌ အထက်​​ဖော်​ပြပါ လက်​လုပ်​မိုင်းအား ​တွေ့ရှိ့ခဲ့​ကြောင်း သိရသည်​။


မိုင်း​တွေ့ရှိ့ပြီး​နောက်​ ​တောအုပ်​ကြီး ဦး​ကျော်​မိုး​ဆွေမှ သက်​ဆိုင်​ရာတာဝန်​ရှိသူများထံသို့ ဆက်​လက် သတင်း​ပေးပို့ခဲ့ရာ ​ရှေ့တန်းခလရ (၄၅) စစ်​​ကြောင်း (၂)စစ်​​ကြောင်းမူး ဗိုလ်​မူးလှိုင် ထွန်းဦးစီး​သောစစ်​​ကြောင်း အဖွဲ့ဝင်များ၊ နယ်​​မြေခံရဲတပ်​ဖွဲ့များ၊မူဆယ်​သတင်းရဲတပ်​ဖွဲဝင်​များ၊မြို့မပြည်​သူ့စစ်​တပ်​ဖွဲ့ဝင်​များ၊ သစ်​​တောအဖွဲ့ဝင်​များ၊ ရပ်​မိရပ်​ဖများ ကုန်​သွယ်​​ရေးဇုန်​မှ တာဝန်​ရှိသူများ​ရောက် ရှိ့လာပြီးကြည့်​ရူ့ စစ်​​ဆေးခဲ့ပြီး ​နောက်​ ​ရှေ့တန်းအမှတ်​ခလရ(၄၅)တပ်​ရင်းမှ ဗိုလ်​ဟိန်းထက်​​အောင်​ ဦးစီး​သော တပ်​ဖွဲ့ဝင်​များက အဆိုပါလက်​လုပ်​မိုင်းအား သက်​မဲ့ပြုလုပ်​ခဲ့ပြီး​နေ့လည်​ (၁၂း၂၀)အချိန်​ခန့်​​အောင်​မြင်​စွာ ရှင်းလင်း​ပေး ခဲ့​ကြောင်းနှင့် ၄င်းထင်းရူးစိုက်​ခင်းတွင်​၁၃.၇.၂၀၁၇တွင်​တစ်​ကြိမ်​ ၁၃.၈.၂၀၁၇တွင်​တကြိမ်​၊၁၃.၉.၂၀၁၇တကြိမ်​ယခု၂၆.၁၁.၂၀၁၇တွင်​တကြိမ်​စုစု​ပေါင်း (၄)ကြိမ်​ထိ ​မိုင်းများကို​ တွေ့ရှိခဲ့​ကြောင်း သိရသည်​။

သတင်းနှင့်​ဓာတ်​ပုံ သန့်​ဇင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်​မြို့နယ်အတွင်း ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ​ကောင်းဝှက်​​ကျေးရွာ အနီး၌ လက်​လုပ်​မိုင်း(၁)လုံး​တွေ့ရှိ မူဆယ်​မြို့နယ်အတွင်း ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ​ကောင်းဝှက်​​ကျေးရွာ အနီး၌ လက်​လုပ်​မိုင်း(၁)လုံး​တွေ့ရှိ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.