ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၁၈

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၀၃း၃၃ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၄၂) ရပ်ကွက်၊ တိုးချဲ့စက်မှုဇုန်၊ စိမ်းလဲ့ကန်သာလမ်းရှိ “ မြဧရာအုန်းဆီ”စက်ရုံတွင် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။


မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁၅)စီး၊ အုပ်ချုပ်မှု ယာဉ်(၅)စီးတို့နှင့် မီးငြှိမ်းသတ်လျက်ရှိပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ ရဲတပ်ဖွဲ့ဝင်များက မီးလောင်နေရာနှင့် အနီးပတ်ဝန်းကျင်သို့ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.