ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား


မိုးကောင်း နိုဝင်ဘာ ၂၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် နိုဝင်ဘာ၂၇ရက် နံနက်၈နာရီခွဲက ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားဖက်မှထွက်ခွာလာသော စက်ခေါင်းအမှတ် DF-1521 အမှတ်(၅၀)အစုန် ခေါက်ပြန်ရထားသည် ဆားမှော်ကျေးရွာ မီးရထားမိုင်တိုင်အမှတ်(၆၇၅-၁၆/၁၇)နှင့် ကညင်မြိုင်-အင်းပေါင်း ကျေးရွာချင်းဆက်လမ်းဆုံ အရောက်တွင် ဆားမှော်ကျေးရွာ အောင်တံခွန်ရပ်ကွက်နေ ဒေါ်ထုလွမ်(၉၅)နှစ်သည် မီးရထားလမ်းဖြတ်ကူးစဉ် ရထားနှင့်တိုက်မိခဲ့၍ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ယာဘက်ခြေကျင်းဝတ်ကျိုး ဒဏ်ရာရရှိကာ ဆားမှော်တိုက်နယ်ဆေးရုံမှတဆင့် မိုးကောင်းဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်အား မိုးကောင်းမြို့မရဲစခန်းတွင် အမှုအမှတ်စဉ်(၁၁/၂၀၁၇)ဖြင့် ရဲဆေးစာမှတ်တမ်းများရယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
https://www.facebook.com/mogaungnews.media/
ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.