![]() |
မောင်တောမြို့ အ၀င်ဝကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
တုတ်၊ ဓားတွေကိုင်ဆောင်ထားတဲ့ မွတ်ဆလင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘာကြောင့်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ သရေကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် ကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့သူတွေထဲက တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ဓားဒဏ်ရာတွေ ပြင်းထန် တာကြောင့် မောင်တောဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။
မနေ့က အခင်းဖြစ်ပွားခဲ့တာဟာ ငါးရှာရာကနေအပြန် (ပ)ချီးယားတန်းကျေးရွာနဲ့ မလှမ်းမကမ်းမှာဖြစ်ပွား ခဲ့တာဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား တဖက်နဲ့တဖက် ယုံကြည်မှုမရှိတာအပြင် တဖနဲ့တဖက် ရန်စတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် ကပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မောင်တောမှာ အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် ၂ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
18:41
Rating:
