တစ်လ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်း ၄၈ဝဝ ကျော် သိမ်းဆည်းရမိ

တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများအား စစ်ဆေးရေး စခန်းများ၌ ဖမ်းဆီး ရမိခဲ့မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)
    ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

    အကောက်ခွန်မဲ့ပစ္စည်း ခန့် မှန်း တန်ဖိုး ငွေကျပ် ၄၈၁၇.၂၇၈ သန်းခန့်အား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ တာအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူ စစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီးတို့တွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တားဆီး သိမ်းဆည်း ခဲ့ရာတွင် စုစုပေါင်း ၄၅၆ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၁၇.၂၇၈ သန်းခန့်)အား သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

(Xinhua)
http://xinhuamyanmar.com
တစ်လ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်း ၄၈ဝဝ ကျော် သိမ်းဆည်းရမိ တစ်လ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်း ၄၈ဝဝ ကျော် သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.