ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ လူလုပ်လှိုဏ်ဂူများတွေ့ရှိ


နေပြည်တော် ၊ နိုဝင်ဘာ- ၆

နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ ၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများ တွေ့ရှိသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သတင်းအရ အဆိုပါကျေးရွာများသို့ သွားရောက်ရှာဖွေရာ သင်္ဘောကွေ့ ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားအား ထွင်းထား သော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။

 အဆိုပါလှိုဏ်ဂူသည် အပေါက်ဝမှ ပေ ၂၀ ခန့်ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၃၅ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန်နေရာများနှင့် အဆုံး၌ ၅ ပေပတ်လည်အကျယ်ရှိ မြေလွတ်တစ်ခုတို့ကိုပြုလုပ်ထားကြောင်း၊ ဝဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့် လမ်းအဆုံး၌ ထွက်ပေါက်တစ်ခုတို့ကို ပြုလုပ်ထားကြောင်းနှင့် ၄င်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့်နေထိုင်ခဲ့ ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လှိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တု ကျေးရွာနေ အဒူဟာလိပ်(ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသား ကတ် ၂ ခု၊ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီ ၃ ထည်တို့အား ရှာဖွေတွေ့ရှိရသည်။


ထိုပြင်ကျောက်ပန္တုကျေးရွာသို့ ဆက်လက်ရှာဖွေရာ ကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ ယခင်က အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ရေစိုပျက်စီးနေသော ဆန်အိတ် ၁၃ အိတ်နှင့် ရေပုံအမည်း ၁ ပုံးတို့အား ရှာဖွေတွေ့ရှိခဲ့သည်။

အလားတူ ယနေ့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါကျေးရွာ ၂ ရွာ၌ ရှာဖွေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရာ ကျောက်ပန္တုကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀ဝ၀ ခန့်အကွာ၌ အကျယ် ၃ ပေ၊ အမြင့် ၅ ပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လှိုဏ်ဂူ (ဒေသအခေါ်ကာဆင်းဂူ)တစ်ခုအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါလှိုဏ်ဂူများတွေ့ရှိခဲ့သည့်ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

Information Committee
https://www.facebook.com/InfomationCommittee/
ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ လူလုပ်လှိုဏ်ဂူများတွေ့ရှိ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ လူလုပ်လှိုဏ်ဂူများတွေ့ရှိ Reviewed by THITHTOOLWIN on 23:40 Rating: 5
Powered by Blogger.