အရှိန်ပြင်းစွာမောင်းနှင် ယာဉ်တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး


၁၄ နိုဝင်ဘာ ၂၀၁၇

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ ၁၄ နိုဝင်ဘာ ၂၀၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် လယ်ပြင်ရပ်ကွက် မြို့သစ်-တောင်တွင်းကားလမ်းတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ်မျက်နာချင်းဆိုင် ဝင်ရောက်တိုက်မိရာမှ လူတစ်ဦး သေဆုံးသွားကြောင်း မြို့သစ်ရဲစခန်းမှူး ဒုရဲမှူး ကံပိုမှပြောပြသိရှိရသည် ။


ဖြစ်စဉ်မှာ ၁၄ နိုဝင်ဘာ ၂၀၁၇ ရက်နေ့ ညနေ ၃ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် တောင်တွင်းကြီးမှ မြို့သစ်ဘက်သို့ ယာဉ်မောင်း ဦးကျော်ကျော်ဝင်း အသက် ၄၁/၂၀၁၇ နှစ် (ဘ) ဦးသိန်းအောင် ယာဉ်မောင်း စစ်ကိုင်းမြို့ ဆည်မြောင်းဝန်း ပါရမီရပ်ကွက်နေသူသည် 5D/-----------TOYOTA အမျိုးအစား BELTA အပြာရောင်အား ဆည်မြောင်းဝန်ထမ်း (၂) ဦးတင်ဆောင်လျှက် မောင်းနှင်လာစဉ် တောင်တွင်း - မြို့သစ် - နတ်မောက်လမ်း မိုင်တိုင်အမှတ် ၁၅/၂ နှင့် ၁၅/၃ ကြား လယ်ပြင်ရပ်ကွက် မြို့သစ်မြို့ တောင်တွင်းဘက်အထွက် မြို့သစ်မြို့မှ တောင်တွင်းကြီးဘက်သို့ ဖိုးတာ အသက် ၂၇/၂၀၁၇ နှစ် ယာဉ်မောင်း (ဘ) ဦးသိန်းမြင့်ဦး ဘုရားကြီးရပ်ကွက်နေသူမှ လူ( ၂ ) ဦးအားနောက်မှာတင်ဆောင်လျှက် မောင်းနှင်သွားသည့် ၄င်းပိုင် နံပါတ်မပါ SHAYANG (110) အနက်ရောင် ( ယာဉ်လိုင်စင်စီစစ်ဆဲ ) ဆိုင်ကယ်ဖြင့် ကားလမ်းမအလယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ် မျက်နာချင်းဆိုင်တိုက်မိပြီး ဖိုတာမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဖိုးတာ၏နောက်မှလိုက်ပါလာသူ အေးမင်းဝင်းမှာ ဒါဏ်ရာများရရှိပြီး(မစိုးရိမ်ရ) ခင်မောင်ဆွေမှာ ပြင်းထန်ဒါဏ်ရာရရှိပြီး နှာခေါင်းသွေးထွက် ယာနားသွေးထွက် သတိမရ (စိုးရိမ်ရ) နှင့် မော်တော်ယာဉ်၏နောက်ခန်းတွင် လိုက်ပါလာသူ ဦးဇော်မင်း (ဆည်မြောင်းဦးစီးအရာရှိ) မှာဝဲမျက်လုံးစွန်းပေါက်ပြဲဒါဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ဒါဏ်ရာရရှိသူများနှင့်သေဆုံးသူအား သတင်းအရ အခင်းဖြစ်နေရာသို့ စစ်ဆေးရန်ရောက်ရှိနေသော ပိတ်ဆို့ရှာဖွေရေးတာဝန်ဆောင်ရွက်နေသည့် ဒုရဲအုပ် ထူးပြည့်စုံနှင့်တပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သက်သေ လယ်ပြင်ရပ်ကွက်အုပ်/မှူး ဦးထင်လင်းကျော် ဘုရားကြီးရပ်ကွက်အုပ်/မှူး ဦးစိန်သောင်းတို့နှင့်အတူ မြို့သစ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်ခဲ့သည်ဟုသိရှိရသည် ။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်သူ ဖိုးတာနှင့် မော်တော်ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဦးကျော်ကျော်ဝင်းတို့အား ဒုရဲအုပ်ထူးပြည့်စုံမှ ၁၄ - နိုဝင်ဘာ ၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ်မြို့မရဲစခန်း ယာဉ် (ပ) ၄၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုရေးဖွင့်ဆောင်ရွက်ပြီး ဒုရဲအုပ်ထူးပြည့်စုံမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

hlaing bwar ( မြို့သစ် )
အရှိန်ပြင်းစွာမောင်းနှင် ယာဉ်တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး အရှိန်ပြင်းစွာမောင်းနှင် ယာဉ်တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.