ဝေါ နိုဝင်ဘာ (၂ )
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အပြင်သစ်စက်ရပ်ကွက် ကျန်စစ်သားလမ်း၌ နိုဝင်ဘာ (၂) ရက် နံနက် (၉း၃၀ )အချိန်ခန့် က အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးနေသဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းမှ ရဲအရာရှိများ နှင့် ရပ်ကွက်အုပ်ချူပ်ရေးပိုင်းမှ တာဝန်ရှိသူများ အခင်းဖြစ်ရပ်သို့  လာရောက် စစ်ဆေးနေကြောင်း သစ်စက်ရပ်ကွက်သားတစ်ဦး ထံက သတင်းရ ရှိသည်။
"ကျွန်မက မုန့် လာယူတာ လှေကားရင်းမှာ ဖိနပ်တွေ့လို့  လူရှိမယ်ဆိုပြီး အိမ်ပေါ်ထပ်ကိုလှမ်းကြည့်လိုက့်တော့ ကြိုးတန်းလန်းကြီး တွေ့လို့  ဘေးအိမ်က ဦးလေးကြီးကို အသိပေးအကြောင်းကြားခဲ့တာ"ဟု အခင်းဖြစ်ရပ်နေအိမ်သို့ ရောက်ရှိသွားပြီး စတင်မြင်တွေ့ခဲ့သူ သစ်စက်ရပ်ကွက် မင်းကြီးညို လမ်းတွင် နေထိုင်သည့် မအိမွန်ကပြောသည်။
သေဆုံးသူ အမျိုးသမီးငယ်မှာ အသက် (၁၄) နှစ်အရွယ်ခန့် ရှိ မအိအိမြတ် (ဘ)ဦးမြင့်အောင်ဆိုသူဖြစ်ကြောင်း သိရှိရပြီး ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ဝေါမြို့မရဲစခန်းမှ ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် အလောင်းအား ဝေါမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ပြီး ရဲလုပ်ငန်းနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဝေါသားဖိုးတေ
Waw Media Page
https://www.facebook.com/reporter.wawmedia
အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား၍ တာဝန်ရှိသူများ လာရောက် စုံစမ်းစစ်ဆေးနေ
Reviewed by THITHTOOLWIN
on
11:41
Rating:
