ဆော်ဒီအာရေဗီးယားထောင်ထဲမှ ဘင်္ဂလာဒေ့ရှ်ပတ်စ်ပို့ ကိုင်ထားသည့် မြန်မာနိုင်ငံသားဆိုသူ ၂၇၃ ဦးကို ပြန်ပို့မည်


နိရဉ္စရာ၊ နိုဝင်ဘာ ၁၆

ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့ကိုင်ဆောင်ပြီး ဘင်္ဂလာ အလုပ်သမားများကဲ့သို့ ဆော်ဒီနိုင်ငံတွင် ပြုမူ နေထိုင်နေသည့် မြန်မာနိုင်ငံမှ ဆိုသည့် ဘင်္ဂလီ ၂၇၃ ဦးကို ဆော်ဒီအရေးဗီးယားမှ ဘင်္ဂလာဒေ့ရှ်သို့ ပြန်ပို့မည်ဟု The Independent သတင်းစာတွင် Passports Bangladeshi, holders Myanmarese ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။

ဆော်ဒီအရေဗီယားနှင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များမှ ဆော်ဒီအရေဗီးယား အကျဉ်းထောင် အသီးသီးတွင် ထောင်ကျနေသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများကို စိစစ်ရာတွင် မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုး ၂၇၃ ယောက်ကို စိစစ်တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆော်ဒီအရေဗီးယားနိုင်ငံတွင် အမျိုးမျိုးသော ရာဇ၀တ်မှုများဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ၁၅၀၀ ဦး ရှိပြီး ၎င်းအထဲမှ ၂၇၃ ဦးမှာ မြန်မာနိုင်ငံမှ ဘင်္ဂလီများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ဟု ဆိုသည်။

သူတို့သည် ဆော်ဒီအာရေဗီယား အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသည်မှာ သုံးနှစ်ခန့် ရှိနေပြီဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ဆော်ဒီအရေဗီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂလာဒေ့ရှ် ၂ သန်းခန့်ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများနှင့် ဆော်ဒီအရေဗီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံမှ ဘင်္ဂလီ လူမျိုး ၂၇၃ ဦးကို ဘင်္ဂလာဒေ့ရှ်သို့ ပြန်ပို့ လိုကြောင်း ပြောကြားခဲ့ပြီး ယခုအခါ ၎င်းစာရင်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေး ၀န်ကြီးဌာနကို ပို့ဆောင်ထားကြောင်း သတင်းတွင် ရေးသားသည်။

Narinjara
https://www.facebook.com/Narinjara
ဆော်ဒီအာရေဗီးယားထောင်ထဲမှ ဘင်္ဂလာဒေ့ရှ်ပတ်စ်ပို့ ကိုင်ထားသည့် မြန်မာနိုင်ငံသားဆိုသူ ၂၇၃ ဦးကို ပြန်ပို့မည် ဆော်ဒီအာရေဗီးယားထောင်ထဲမှ ဘင်္ဂလာဒေ့ရှ်ပတ်စ်ပို့ ကိုင်ထားသည့် မြန်မာနိုင်ငံသားဆိုသူ ၂၇၃ ဦးကို ပြန်ပို့မည် Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.