ပိုက်ဆံအိတ်လုယူသွားသူများအား ပိုက်ဆံအိတ်အတွင်းမှ ပလက်တီနမ်ဆွဲကြိုလာရောက်ရောင်းချစဉ် ဖမ်းဆီးရမိ


မန္တလေး၊ နိုဝင်ဘာ ၂၉

၂၈-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ အချိန် မယဉ်မွန်လတ်သည် သူငယ်ချင်း မအေးမြတ်မြတ်ခိုင်နှင့်အတူ Honda Click ဆိုင်ကယ်ဖြင့် မအေးမြတ်ခိုင်မှမောင်း နှင်ကာ ၎င်းမှ နောက်ထိုင်လိုက်ပါ၍ စစ်ကိုင်း-မန္တလေးကားလမ်းအတိုင်း အနောက်မှ အရှေ့သို့မောင်းနှင်လာစဉ် ဦးပွားခုံးကျော်တံတားအရောက် လားရာတူနောက်မှ Click ဆိုင်ကယ်ဖြင့်မောင်းနှင်လာသော အမျိုးသား ၂ ဦးအနက် နောက်ထိုင်လိုက်ပါသည့်အမျိုးသားမှာ မယဉ်မွန်လတ်၏ ဆိုင်ကယ်ရှေ့အံခွက် အတွင်း ထည့်ထားသောပလက်တီနမ်ဆွဲကြိုး ၁ ကုံး (၇.၈၇)ဂရမ်(တန်ဖိုး ၄၄၈၅၀၀ ကျပ်) ၊ ပလက်တီနမ်ဆွဲကြိုး ၀ယ်ယူခဲ့သည့် ဘောင်ချာ ၁ စောင်၊ ကမ္ဘောဇဘဏ် ATM ကဒ် ၁ ခု၊ ယာဉ်မောင်းလိုင် စင် ၁ ခု၊ ကျောင်းသားကဒ် ၁ ခု၊ ငွေ ၃၄၀၀ ကျပ်တို့ပါအမျိုးသမီးကိုင် ခေါက်ပိုက်ဆံအိတ်အား လုယူထွက်ပြေး သွားခဲ့သည်။

မယဉ်မွန်လတ်မှ ပလက်တီနမ်ဆွဲကြိုးဝယ်ယူခဲ့သည့်ဆိုင်သို့ ပလက်တီနမ်ကြိုးလာရောက် ရောင်းချပါက ဆက်သွယ်ပေးရန်အကြောင်းကြားထားရှိခဲ့သဖြင့် ညနေ ၄ နာရီခွှဲအချိန် ဆိုင်မှ မသင်္ကာ ၃ ဦးရောက်ရှိလာပြီး ပလက်တီနမ်ဆွဲကြိုး ၁ ကုံးလာ ရောက်ရောင်းချနေကြောင်း အမှတ်(၆) နယ်မြေရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် အမှတ်(၆) နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့မှ သက်သေများနှင့်အတူ အဆိုပါ လူငယ် ၃ ဦအားသွားရောက်ခေါ်ဆောင်ပြီး သိမ်းဆည်းရမိသော ပစ္စည်းများနှင့်ပတ်သက်၍ မယဉ်မွန်လတ်ပိုင်ပစ္စည်းဟုတ်/မဟုတ် ရဲစခန်းသို့ ခေါ်ယူပြသခဲ့ရာ ၎င်းပိုင်ပစ္စည်းများဖြစ်ကြောင်းသိရှိသဖြင့် စစ်မေးရာ လုယူထွက်ပြေးသွားသူမှာ နန္ဒတင်စိုး ၁၈ နှစ်၊ ကျောက်ဆည်ရွာ၊ စစ်ကိုင်းမြို့နှင့် တစ်ရွာတည်းနေ ထူးဝေယံ(ခ)ထူးကြီး ၁၉ နှစ်တို့ဖြစ်ပြီး ထူးဝေယံ(ခ)ထူးကြီးမှနောက် ထိုင်လိုက်ပါလျက် လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၊ ထူးဝေယံ(ခ) ထူးကြီး၊ တစ်ရွာတည်းနေ စိုးရီဟန် ၁၈ နှစ်နှင့် ထက်နိုင်အောင် ၁၅ နှစ်တို့မှ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၅၆၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၄၁၄/၁၁၄ အရအမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice/
ပိုက်ဆံအိတ်လုယူသွားသူများအား ပိုက်ဆံအိတ်အတွင်းမှ ပလက်တီနမ်ဆွဲကြိုလာရောက်ရောင်းချစဉ် ဖမ်းဆီးရမိ ပိုက်ဆံအိတ်လုယူသွားသူများအား ပိုက်ဆံအိတ်အတွင်းမှ ပလက်တီနမ်ဆွဲကြိုလာရောက်ရောင်းချစဉ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.