ထိုင်းမိသားစု အသတ်ခံရမှု မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအား ရဲတပ်ဖွဲ့ က လိုက်လံရှာဖွေနေ


နိုဝင်ဘာလ ၂၈ ရက်နေ့ ညက ထိုင်းနိုင်ငံ ပကျော့ ခီရီခန် ဘန်စဖန်နွိုင်ခရိုင် ကျေးရွာအုပ်စု ၄ မှာရှိတဲ့ ရာဘာခြံ အလုပ်သမား အိမ်ယာမှာ ထိုင်း မိသားစု ၀င်လေးဦး သတ်ဖြတ်ခံရမှုနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကိုင်နေသူ မွန်တိုင်ရင်းသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနေကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံနယ်စပ်နဲ့  ကီလိုမီတာအနည်းငယ်သာဝေးတဲ့ ရာဘာတောအတွင်းက အလုပ်သမားအိမ်ယာမှာ ဖြစ်ပွားခဲ့တာပါ။


ရာဘာတွေခြစ်တဲ့အလုပ်ကို နာရာသီဝပြည်နယ်ကနေ လာရောက် လုပ်ကိုင်နေသူ နိုင် နမ်ဖွန်ခန်ခုန် အသက် ၃၀ နဲ့  အတူ ဇနီး မုဒါ (၂၇)နှစ်၊ (၅)နှစ်သမီးငယ် တို့ အပြင် မုဒါရဲ့ ဖခင်ကိုပါ ရက်ရက်စက်စက် လည်ပင်းလှီးပြီး သတ်သွားခဲ့တာ ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့ ရဲ့  စစ်ဆေးချက်တွေမှာ ရာဘာခြံပိုင်ရှင်က အလုပ်ခိုင်းထားသူ မွန်တိုင်းရင်းသား နှစ်ဦးနဲ့  အတူ သေဆုံးသူမိသားစုဝင်တွေဟာ အတူနေထိုင် နေကြတာဖြစ်ပြီး ၊ အလုပ်သမားခြင်း စကားများရန်ဖြစ် ခဲ့ရာက ခုလို လူသတ်မှု ဖြစ်ပွားခဲ့တာလို့  သိရပါတယ်။

တရားခံလို ယူဆရတဲ့ မြန်မာနိုင်ငံသား မွန်တိုင်းရင်းသား အလုပ်သမားနှစ်ဦးကတော့ အခင်းဖြစ်တဲ့ညကဘဲ ထွက်ပြေးသွားကြပြီး ဖြစ်တယ်လို့  ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

Social Action for Children and Women - SAW
ထိုင်းမိသားစု အသတ်ခံရမှု မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအား ရဲတပ်ဖွဲ့ က လိုက်လံရှာဖွေနေ ထိုင်းမိသားစု အသတ်ခံရမှု မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအား ရဲတပ်ဖွဲ့ က လိုက်လံရှာဖွေနေ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.