ပေါ့ဆမီးကြောင့် အသေအပျောက် မရှိပေမယ့် ပစ္စည်းဆုံးရှုံးမှုရှိ


သုံးခွ နိုဝင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့  အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ရှိ ရွှေဆိုင်း လက်ဘက်ရည်ဆိုင်မှ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းကြောင်း သိရသည်။

ယင်း မီးလောင်ရာတွင် ပျဉ်ထောင်သွပ်မိုးနေအိမ် (၅)လုံး နှင့် ၊၄င်းနေအိမ်များရှေ့ ရှိ ဆိုင်ခန်း(၄)ခန်းပါဝင် မီးလောင်ကျွမ်းခဲ့သလို ရွှေဆိုင်းလက်ဘက်ရည်ဆိုင်ဘေးကပ်လျှက် ဇမ္ဗူထွန်း သင်္ကန်းဆိုင်က ပိုင်ဆိုင်သော 3H----- KLUGER အဖြူရောင်ယာဉ် တစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရပါသည်။ မီးလောင်မှုကြောင့် ပစ္စည်းဆုံးရှုံးမှုရှိခဲ့ပေမယ့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာမရရှိခဲ့ပါ။ ရွှေဆိုင်းလက်ဘက်ရည်ဆိုင်၏ ဘေးကပ်လျက်မီးဖိုတွင် ရေနွေးအိုးတည်ရာမှ ဘေးအကာအား စတင်မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလာင်ရာသို့ သုံးခွမြို့ နယ် မီးသတ်ဦးစီးဌာနမှူး ဦးသွင်ယုနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ သုံးခွမြို့ ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး၊ စခန်းမှူး ဒု ရဲမှူး အောင်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ ခရမ်းမြို့ နယ်၊သန်လျင်မြို့ နယ်၊ တံတားမြို့ ၊ ဆိပ်ကမ်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ်(၁၀)စီး၊ ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့် မီးလုံးဝငြိမ်းသွားကြောင်းသိရသည်။

တင်တင်ထွေး
မြို့ နယ်/ပြန်ဆက်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပေါ့ဆမီးကြောင့် အသေအပျောက် မရှိပေမယ့် ပစ္စည်းဆုံးရှုံးမှုရှိ ပေါ့ဆမီးကြောင့် အသေအပျောက် မရှိပေမယ့် ပစ္စည်းဆုံးရှုံးမှုရှိ Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.