ပြည်မြို့တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

ဓါတ်ပုံ - မိုးမေတ္တာ-နာရေးကူညီမှုအသင်း(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ စက်မှုကွက်သစ်၊ ရွာဘဲနယ်မြေတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးအောင်ကိုသက်မှ နေအိမ်တွင် အိပ်ပျော်နေစဉ်(၂၇.၁၁.၂၀၁၇)ရက်နေ့ နံနက်၌ တစ်ရပ်ကွက်တည်းနေ ကိုဘိုရဲရောက်လာပြီး ၄င်း၏မွေးစားသားဖြစ်သူ ချက်ကြီး(ခ)ချစ်အောင်မောင်မှာ စက်မှုကွက်သစ်ရပ်ကွက်ထဲတွင် အာနိုးဆိုသူနှင့် ရန်ဖြစ်စကားများပြီး စကေဘာဖြင့်
အထိုးခံရ၍ ဒဏ်ရာများဖြင့် ဆေးရုံသို့သယ်ဆောင်သွားကြောင်း လာရောက်ပြောပြခဲ့သဖြင့် သိရသည်။

အဆိုပါ ချက်ကြီး(ခ)ချစ်အောင်မောင်နှင့် အာနိုးဆိုသူတို့သည် စက်မှုကွက်သစ်ရပ်အတွင်းရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်အတူသောက်ပြီး ပြန်လာကြရာမှ လမ်းတွင်စကားများရန်ဖြစ်ကြရာ အာနိုးမှ ချက်ကြီး(ခ)ချစ်အောင်မောင်အား သုံးမြှောင့်ဦးချွန်စကေဘာဖြင့်ထိုးပြီး ထွက်ပြေး
တိမ်းရှောင် သွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ သိရသည်။


ထိုသို့ အာနိုးမှ ချက်ကြီး(ခ)ချစ်အောင်မောင်အား သုံးမြှောင့်ဦးချွန်စကေဘာနှင့် ထိုးခဲ့သဖြင့် ချက်ကြီး(ခ)ချစ်မောင်အောင်တွင် ဝဲနို့အုံအောက်(၂)လက်မခန့် ထိုးသွင်ဒဏ်ရာ(၁)ချက်ယာရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက် ယာလက်မောင်း ထိုးသွင်းဒဏ်ရာ(၁)ချက်ဝဲလက်ဖမိုး ပေါက်ပြဲဒဏ်ရာ(၁)ချက် ယာကျောနောက်ထိုးသွင်းဒဏ်ရာ(၁)ချက် လယ်ဂုတ်ထိုးသွင်းဒဏ်ရာ(၄)ချက်တို့ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ မွေးစားသားဖြစ်သူ ချက်ကြီး(ခ)ချစ်အောင်မောင်အား စကေဘာဖြင့်ထိုးခဲ့သူ အာနိုးအား အရေးယူပေးပါရန် ဦးအောင်ကိုသက် စက်မှုကွက်သစ်ရပ် ရွာဘဲရပ်ကွက်နေသူမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)အမှတ် ၁၉၅၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားရှိကာ အမှုအား ပြည်မြို့မစခန်းမှူး ဒုရဲမှူးမြင့်ဇော်မှ လက်ခံစစ်ဆေးလျှက် ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်သူအား အမြန်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews/
ပြည်မြို့တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ပြည်မြို့တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:20 Rating: 5
Powered by Blogger.