နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ မာန်အောင်မြို့နယ်တွင် ပြုလုပ်


ရခိုင်ဂေဇက်၊နိုဝင်ဘာ ၁

ရခိုင်ပြည် နယ် ၊ကျောက်ဖြူခရိုင် ၊မာန်အောင်မြို့နယ်တွင် နို ၀င်ဘာ (၁) ရက်နေ့၊နံနက် ၈နာရီ အချိန်တွင် ရန်အောင်မြင် ဘုရားကြီးဝင်းတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစု ကြည် အား လူထု ထောက်ခံပွဲ ပြု လုပ်ခဲ့ကြောင်း မာန်အောင် မြို့နယ် အမျိုးသားဒီမို ကရေ စီ အဖွဲ့ ချုပ် ရုံးမှသိရသည်။

“နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် က ရခိုင်ပြည်နယ် အတွက်ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တည်ငြိမ်အေးချမ်းရေးတွေ လုပ်နေတယ် ၊NLD အစိုးရရဲ့ လုပ်ဆောင် ချက်တွေ ကို ပြည် သူတွေ ကို သိစေ ချင် တယ်၊ဒါကြောင့် ခုလိုနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကို ထောက်ခံပွဲ လုပ်တာပါ၊ဟောပြောတာလည်း လုပ်ပါတယ်” လို့ မာန်အောင်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဆိတ်တောင်းမှ ပြောသည်။


အဆိုပါ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲသို့ လူဦးရေ၃၀၀၀ ခန့် တက်ရောက်ကြပြီး တက်ရောက်လာသူများမှ “ရခိုင်ပြည်နယ်ငြိမ်းချမ်းဖို့ ဒေါ် အောင်ဆန်းစုကြည်ထောက် ခံစို့၊တိုင်းရင်းသားများဖွံ့ ဖြိုးဖို့ ဓေါ်အောင်ဆန်းစုကြည် ထောက်ခံစို့” စသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ရုံးတက် လမ်း၊ ကမ်းနားလမ်း၊ဗိုလ်ချုပ်လမ်း၊ဗန္ဓု လလမ်း၊ ရဲ စက်ကျော်ခေါင် လမ်း မှ တစ်ဆင့်ရန်အောင်မြင်ဘုရားကြီးလမ်းအ တိုင်း လှည့်လည်ကာ ဟောပြောပွဲပြု လုပ်မည့် ရန်အောင်မြင်ဘုရားကြီးဝင်းအတွင်းသို့သွားရောက်ခဲ့ကြကြောင်းသိရသည်။

“ထောက်ခံပွဲကို လူ ၃၀၀၀လောက်ရောက်တယ်၊အရပ်ဘက် အဖွဲ့တွေကော၊ပရဟိတအဖွဲ့တွေ လည်းပါတယ်၊ဟောပြောမှုတွေ ပြုလုပ်ခဲ့တယ် “ လို့ မာန်အောင်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဆိတ်တောင်းမှ ဆိုသည်။

နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ပြည် နယ်နှင့် တိုင်း အများအပြားတွင် ပြုလုပ် လျှက် ရှိနေပြီးရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆုတောင်းပွဲ များသာ ပြုလုပ်ခြဲ့ခင်းဖြစ်ပြီးထောက်ခံပွဲ ပြုလုပ်ခြင်းမှာ မာန်အောင်မြို့နယ်မှာ ပထမဆုံးဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့ တွင် လည်း ဘူးသီးတောင်မြို့နယ်တွင် ပြု လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ မာန်အောင်မြို့နယ်တွင် ပြုလုပ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ မာန်အောင်မြို့နယ်တွင် ပြုလုပ် Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.