မန္တလေး သီရိမန္တလာ ကားကွင်းသို့ရောက်လာသည့် ခရီးသည်ထံမှ အုပ်စုဖွဲ့ ချိန်းခြောက် ငွေတောင်းမှု အမှုဖွင့်

အုပ်စုဖွဲ့၍ခရီးသည်ထံမှခြိမ်းခြောက်ငွေတောင်းသူများ ဖမ်းမိပါပြီ။ ဓါတ်ပုံ - Ye Lwin
နိုဝင်ဘာ ၇ ။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊သီရိမန္တလာကားကွင်းသို့ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၅နာရီတွင် ရောက်ရှိ လာသည့် ခရီးသည် ၇ ဦးထံမှ အုပ်စုဖွဲ့ ချိန်းခြောက်ငွေတောင်းသူများထဲမှ တစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကာ ကျူးလွန် သူများကိုဖ်ါထုတ် အရေးယူသွားမည်ဖြစ်ကြောင်းမြို့တော်စည် ပင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်မျိုးနိုင် ကပြောသည်။

“ဆိုက်ရောက်လာတဲ့ ခရီးသည်ကားတွေကို ကားကွင်းထဲဝင်ဖို့ အာရုံထား လုပ်နေချိန်မှာ တခြားဘက်က ဖြစ်သွားတယ်။သူတို့ အုပ်စုလိုက်နဲ့ ခရီးသ ည် ၇ ဦးကို ချိန်းခြောက်ပြီးအိတ်တွေရှာကြ၊ငွေယူကြ တယ်။ ကွင်းဆက် ရှာဖွေပြီး ဆက်လက်ဖေါ်ထုတ်သွားမယ်။”ဟု ၄င်းကပြောသည်။


ခရီးသည် ၇ ဦးသည် မူဆယ်မြို့မှWinner Express ဖြင့် ပြည်ကြီးမျက်ရှင် ကားကွင်းသို့ရောက်ရှိစဉ် သပိတ်ကျင်း မြို့နယ် တွင်းငယ်ရွာသို့ဆက် လက်ထွက်ခွာရန် သီရိမန္တလာကားကွင်းရှေ့ ရောက်လာကြောင်း၊ ထိုစဉ်လူ ၃ ဦးက ကားလက်မှတ်ဝယ်ေ ပးမည်ဟုဆိုကာ လိုက်ထရ ပ်ကားဖြင့် ၇၇ လမ်း၊၃၁ လမ်းခေါ်ဆောင်ပြီး အုပ်စုဖြင့် ချိန်းခြောက်၍ တက်စီခ မတန် တဆတောင်းယူပြီ ခရီးသည်အိတ်ထဲမှ ငွေများနိုက်ယူကြောင်းသိရသည်။
“ကားနဲ့ ခေါ်သွားပြီး အဲဒီရောက်တော့ လက်မှတ်ဝယ်ခိုင်းတယ်။ပြီးတော့ တက်စီ ခ ၁၅၀၀၀ တောင်းတယ်။ တစ်သောင်း ထားပါလို့ပြောတော့ မင်းတို့က မိုက်ကယ်လားဆိုပြီးချိန်းခြောက်ပြီး ကျနော့ပိုက်ဆံအိတ် လုယူသွားတယ်။ပြီးတော့ ဒီကားကွင်းကိုပြန်ခေါ်လာတယ်။ ကားခနဲ့ တက်စီခအသွားအပြန် ပေးရတယ်။”ဟု ချိန်းခြောက်ခံရသူခရီးသည် ကိုအောင်ကျော်မိုးက ပြောသည်။

ချိန်းခြောက်သူများက ၄င်းတို့နှင့် ဆက်စပ်သူများအား ဖုန်းဆက်၍ ခေါ်ယူ ရာမှ ဆိုင်ကယ်အုပ်စုရောက် လာ ကြောင်း၊ကားလက်မှတ်တစ်စောင်လျင် ၅၅၀၀ကျပ်၊တက်စီခအဖြစ် အသွားတစ်ဦးလျင်ကျပ် တစ်သောင်းနုန်း နှင့် အပြန်အတွက် ကျပ်တစ်သောင်းစီပေးခဲ့ရပြီး ကျပ် တစ်သိန်းရှစ်သောင်းေ ကျာ် ပေးလိုက်ရ ကြောင်းသိရ သည်။

Mandalay News
https://www.facebook.com/lin.aung.777

မန္တလေး သီရိမန္တလာ ကားကွင်းသို့ရောက်လာသည့် ခရီးသည်ထံမှ အုပ်စုဖွဲ့ ချိန်းခြောက် ငွေတောင်းမှု အမှုဖွင့် မန္တလေး သီရိမန္တလာ ကားကွင်းသို့ရောက်လာသည့် ခရီးသည်ထံမှ အုပ်စုဖွဲ့ ချိန်းခြောက် ငွေတောင်းမှု အမှုဖွင့် Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.