ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးတို့က ဆုံးမရိုက်နှက်သဖြင့် နံရိုးလေးချောင်းအက် တစ်ချောင်းကျိုး


ဟိုပင် နိုဝင်ဘာ ၂၆

ဟိုပင်မြို့တကွင်းကျေးရွာတွင် မိခင်ဖြစ်သူက တိုင်ကြားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်နယ်မြေ မှူးတို့က ဆုံးမရိုက်နှက်လိုက်သော ကြောင့် သားဖြစ်သူ ဦးမောင်အေးမှာ နံရိုး လေးချောင်းအက်ကာ တစ်ချောင်း ကျိုးသွားသည်ဟု သိရသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက် ည၈နာရီခွဲ တွင် တကွင်းရပ်ကွက်(၁၂)အတွင်း နေထိုင်သူ ဦးမောင်အေးတို့၏ မိသားစုဝင်အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ယခုအရိုက်ခံရသူ၏ မိခင်ဖြစ်သူက ဖုန်းဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လာရောက် ဖြေရှင်းပေးပါရန် ပြောဆိုတိုင်ကြား သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူနယ်မြေမှူးတို့က ဦးမောင်အေး ၏အိမ်သို့ ရောက်လာကာ ဆုံးမ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

''ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ် လို့ ကျွန်တော်က လိုက်သွားတာ။ ဟိုကိုရောက်တော့ ဦးမောင်အေး ကဓားကိုင်ပြီး သူ့အမေနဲ့ သူ့ညီမ ကို ရန်လုပ်နေတာ တွေ့ရတယ်'' ဟု ရပ်ကွက်(၁၂)မှ နယ်မြေမှူး ဦးအိုက်ကျော်က ပြောသည်။


ထိုသို့ ရိုက်နှက်လိုက်သော ကြောင့် ဦးမောင်အေးမှာ ဆေးရုံသို့ တက်ခဲ့ရပြီး နံရိုးလေးချောင်းအက် ကာ တစ်ချောင်းကျိုးသွားသည်ဟု ဆေးမှတ်တမ်းအရ သိရသည်။

''လူကြီးဆိုတော့ ဆုံးမတာ ပေါ့။ ဒါပေမဲ့ သည်လောက်အထိ မလုပ်သင့်ဘူးလို့ ထင်တာပေါ့။ ကျွန်တော်က အိပ်လို့မရဘူး။ အသက်ရှူလည်း ကျပ်လာတော့ ဆေးရုံကိုသွားလိုက်တာ''ဟုအရိုက် ခံရသူ ဦးမောင်အေးကပြောသည်။

မိခင်ဖြစ်သူ ဖုန်းဆက်ခေါ် သဖြင့် ရောက်လာကြသူများထဲ တွင် မည်သူကရိုက်လိုက်သည်ကို မသိကြောင်း အရိုက်ခံရသူ၏ညီမ ဖြစ်သူ ဒေါ်တင်တင်ခိုင်ကပြော သည်။

''ခွပ်ခနဲလို့ ကြားလိုက်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်တာ လား။ နယ်မြေမှူးက ရိုက်တာ လားတော့မသိဘူး။ နည်းနည်းကြာ တော့ အစ်ကိုက အောင့်တယ် အောင့်တယ်။ အသက်ရှူကျပ် တယ်ဆိုလို့ ဆေးရုံကိုပို့ပေးလိုက် တာ''ဟု ဒေါ်တင်တင်ခိုင်ကပြော သည်။

အရိုက်ခံရသူ ဦးမောင်အေး သည် မိသားစုနှင့် စကားများ ရန်ဖြစ်ခြင်းမဖြစ်ပွားမီ ငါးရက် ခန့်က ဆိုင်ကယ်မှောက်ကာ ဒဏ်ရာရရှိထားသည်ဟု သိရပြီး ယခုဖြစ်ပွားသောအချိန်မှ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဆေးကုသ စရိတ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ တကွင်းကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် မိဘများနှင့် တွေ့ဆုံ ဆွေးနွေးကြပြီး ကျေးရွာအုပ်ချုပ် ရေးရုံးမှ ဆေးကုသစရိတ် ကျပ် သုံးသိန်းခွဲပေးကာ ကျေအေးထား ပြီးဖြစ်ကြောင်း သိရသည်။

ချစ်သား / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews/
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးတို့က ဆုံးမရိုက်နှက်သဖြင့် နံရိုးလေးချောင်းအက် တစ်ချောင်းကျိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးတို့က ဆုံးမရိုက်နှက်သဖြင့် နံရိုးလေးချောင်းအက် တစ်ချောင်းကျိုး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.