ဝမ်းတွင်းဈေးအရှေ့ဘက် ဆည်မြောင်းဘေး မြက်တောအတွင်းမှ ကျည်ဆံများတွေ့ရှိ


ဝမ်းတွင်း နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့အမှတ်(၂)ရပ်ကွက်ဝမ်းတွင်းဈေးအရှေ့ဘက်ရန်ကုန်- မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၃၅၇/၇) အနီးဆည်မြောင်းဘေးတွင် နိုဝင်ဘာ(၃)ရက် ၁၁ နာရီ မိနစ် ၂၀က ၀မ်းတွင်းမြို့အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်နေမောင်စန်းနိုင်(၁၃)နှစ်ပါ(၄)ဦးတို့သည် ငါးဖမ်းဆော့ကစားနေစဉ် ဆည်မြောင်းဘေးမြက်တော အတွင်းတွင် ကျည်ဆန်များတွေ့ရှိခဲ့သည်။


အဆိုပါကျည်ဆံများတွေ့ရှိရာသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းအောင် ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူး ခင်လိုင်၊စခန်းမှူး ဒုရဲမှူးမြင့်သန်း ၊ တာဝန်မှူးဒုရဲအုပ်သိန်းဇော်သန်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ရပ်ကွက်
အုပ်ချုပ်ရေး မှူးများသွားရောက်စစ်ဆေးခဲ့ရာ ပွိုင့်(၃၈)ဗို့စပါယ်ရှယ် ခြောက်လုံးပြူးကျည်အဟောင်း(၂၀)တောင့်၊ပွိုင့်(၃၂)ဗို့ စပါယ်ရှယ်ခြောက်လုံးပြူးကျည်အဟောင်း(၅၀)တောင့်၊Super-X22 long Rifle ကြေးထိပ်ဖူးပါကျည်ဆံ(၂၇) တောင့်၊Super-X22 long Rifle ခဲထိပ်ဖူးပါ(၅၀)တောင့်၊စုစုပေါင်းကျည်ဆံ(၁၄၇)တောင့်အားစစ်ဆေးတွေ့ရှိခဲ့ပြီး ၄င်းကျည်ဆံများအား မိတ္ထီလာတပ်နယ်သို့လွဲပြောင်းပေးပို့ သွားမည်ဖြစ်ကြောင်းသိရသည်။

ဌေးလိုင်(၀မ်းတွင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဝမ်းတွင်းဈေးအရှေ့ဘက် ဆည်မြောင်းဘေး မြက်တောအတွင်းမှ ကျည်ဆံများတွေ့ရှိ ၀မ်းတွင်းဈေးအရှေ့ဘက် ဆည်မြောင်းဘေး မြက်တောအတွင်းမှ ကျည်ဆံများတွေ့ရှိ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.