မိုးကြိုးထိမှန်၍ (၉)တန်းကျောင်းသားတစ်ဦးသေဆုံး


ထီးချိုင့် နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကွင်းကြီးအုပ်စု ပျဉ်းစုကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နံနက်၉ နာရီ ၁၅ မိနစ်က မိုးကြိုးပစ်ခတ်မှုကြောင့်(၉)တန်းကျောင်းသားတစ်ဦး သေဆုံးကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပျဉ်းစုရွာနေဦးမောင်စိုး၏သားဖြစ်သူအသက် (၁၅)နှစ်ရှိ (၉)တန်းကျောင်းသားမောင်ရှင်းသန့်စိုးသည် တန်ဆောင်တိုင်ကျောင်းပိတ်ရက်တွင် ပျဉ်းစုရွာရှိ ၎င်း၏ လယ်ကွင်း ၊ ကွင်းအမှတ် ( 814 / A ) ၌နွားစာရိတ်နေစဉ် မိုးကြိုးထိမှန်သေဆုံးကြောင်း သိရသည်။

အဆိုပါအချင်းဖြစ်ရာသို့ အလယ်တောတိုက်နယ်ရဲကင်းမှူးရဲအုပ်ဗိုလ်ဗိုလ်ဟန်မှ သွားရောက်၍ လိုအပ်သည့်စစ် ဆေးမှုများပြုလုပ်ပြီးသေဆုံးသူ မောင်ရှင်းသန့်စိုးအား ထီးချိုင့်မြို့ပြည်သူ့ဆေးရုံသို့ပို့အပ်ရင်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဓမ္မတာတိုင်းသေဆုံးကြောင်း သိရသည်။

Iprd Hteegyaing
ကိုရှမ်း - ကသာ
မိုးကြိုးထိမှန်၍ (၉)တန်းကျောင်းသားတစ်ဦးသေဆုံး မိုးကြိုးထိမှန်၍ (၉)တန်းကျောင်းသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.