မန္တလေးတွင် ညသန်းခေါင်မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း ၃၀၀ ကျော်ဆုံးရှုံးခဲ


နိုဝင်ဘာ ၁၈ ။

မန္တလေးမြို့ မဟအောမြေမြို့နယ် မဟာနွယ်စင်ရပ်ကွက် ၃၆ လမ်း၊၇၀နှင့် ၇၁လမ်းကြားတွင် နိုဝင်ဘာ ၁၇ ရက်ည ၁၂ နာရီကျော်က မီးလောင်မှုဖြစ် ပွားရာ ကားတစ်စီး၊ဘက်ထရီဆိုင်ကယ် ၃စီးနှင့် လျပ်စစ်ပစ္စည်းများ လောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

ပေ ၂၀ ပတ်လည် အုတ်ညှပ်အဆောက်အအုံတွင်းမှာ ဘက်ထရီဆိုင်ကယ် အားသွင်းစဉ် အမူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ပြီး မိးလောင်မှုကြောင့် ပေ ၂၀ ပတ်လည် သံဖရိန်အုတ်ညှပ် ၂ ထပ်အိမ်တစ်လုံး ပေ၂၀×၅၀ ရှိအာစီ၂ ထပ်အဆောက်အအုံနှင့် ဆာ့ဖ်ကားတစ်စီး၊ဘက်ထရီသုံးစီးနှင့် အတွင်း ပစ္စည်းများနှင့်အတူ လျပ်စစ်ပစ္စည်းများ လောင်ကျွမ်းဆုံးရှုံးခဲသည်။

မီးလောင်မှုတွင် မီးငြမ်းသတ်ယာဉ် အစီး ၅၀၊ရေသယ်ယာဉ် အစီး၂၀ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀တို့က ငြိမ်း သတ်ခဲ့ကြပြီး ထိုည ၂နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး အိမ်ရှင်ဖြစ်သူအား အမှတ် ၉ ရဲစခန်းမှ (ပ)၇၂၇။ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ေ ကြာင်းသိရသည်။

Mandalay News
https://www.facebook.com/lin.aung.777
မန္တလေးတွင် ညသန်းခေါင်မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း ၃၀၀ ကျော်ဆုံးရှုံးခဲ မန္တလေးတွင် ညသန်းခေါင်မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း ၃၀၀ ကျော်ဆုံးရှုံးခဲ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.