ကျိုင်းတုံမြို့ တင်ထပ်ရွာအနီး ချောင်းအတွင်းမှ ဘုန်းကြီး အလောင်းတွေ့


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကတ်ထိုက်အုပ်စု တင်ထပ်ကျေးရွာမှ (၂)မိုင်ခန့်အကွာရှိ ချောင်းအတွင်းမှ ဘုန်းကြီးတစ်ပါး၏ အလောင်းကို နိုဝင်ဘာလ (၁၆)ရက်နေ့ညပိုင်းက တွေ့ရှိရကြောင်း သိရသည်။

"အလောင်းကို တွေ့ တာကတော့ မနေ့ က ညနေပိုင်းလောက်က တွေ့ တာပါ။ ဦးဇင်းရဲ့  အလောင်းကို လာသယ်ပေးဖို့  ည(၈)နာရီကျော်လောက်မှာ အကြောင်းကြားလာလို့  သွားသယ်ပြီးတော့ ရင်ခွဲရုံကို ပို့  ပေးခဲ့ပါတယ်။ ဘယ်ကျောင်းက ဦးဇင်းလဲဆိုတာတော့ မသိရပါဘူး။ ရေနစ်ပြီးဆုံးသွားတာက သိပ်မကြာသေးဘူးလို့ သုံးသပ်လို့ ရပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းက ပုံအရမ်းမပျက်သေးဘူး"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင် က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

အဆိုပါ အလောင်းအားဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓါတ်ပုံ - နှလုံးလှပိုင်ရှင် များ
Tachileik News Agency
http://www.tachileik.net
ကျိုင်းတုံမြို့ တင်ထပ်ရွာအနီး ချောင်းအတွင်းမှ ဘုန်းကြီး အလောင်းတွေ့ ကျိုင်းတုံမြို့ တင်ထပ်ရွာအနီး ချောင်းအတွင်းမှ ဘုန်းကြီး အလောင်းတွေ့ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.