မုံရွာမြို့ ဖန်းခါးကျင်း ရေနံချက်ဖိုတွင် မီးလောင်


မုံရွာ၊ နိုဝင်ဘာ ၂၀။

မုံရွာမြို့နယ်မီးသတ်စခန်းနှင့် ၁၂မိုင်ခန့်အကွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဖန်ခါးကျင်း ကျေးရွာအနီးရှိ ရေနံချက်ဖိုတွင် ယနေ့ (နိုဝင်ဘာ၂၀) နံနက် ဝေလီဝေလင်း အချိန်က မီးလောင်မှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားရာ ရေနံချက်ဖိုမှာ ဦးအောင်အောင်ပိုင်ဆိုင်သော ကမ္ဘာကျော် ရေနံစိမ်းချက်ဖိုဖြစ်ပြီး မီးလောင်မှုကြောင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ရေနံစိမ်းပေပါ အလုံး ၅၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ရခြင်းမျာ ရေနံချက်သည့် မီးအပူရှိန်နှင့် ဆီငွေ့တို့ ထိတွေ့၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ က စစ်ဆေးတွေ့ရှိပြီး မီးသတ်ယာဉ် ၉စင်း၊ မီးသတ်တပ်ဖွဲ့အင်အား ၈၀ ဖြင့် ဖုံးဆေး ၇၅ ဂါလံ၊ ရေဂါလံ ၁သောင်းကျော် အသုးံပြု ငြိမ်းခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ ကမ္ဘာကျော် ရေနံချက်ဖို၏ မန်နေဂျာ ဦးဖေသန်းကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာမြို့ ဖန်းခါးကျင်း ရေနံချက်ဖိုတွင် မီးလောင် မုံရွာမြို့ ဖန်းခါးကျင်း ရေနံချက်ဖိုတွင် မီးလောင် Reviewed by THITHTOOLWIN on 15:12 Rating: 5
Powered by Blogger.