အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

(မနီလာမြို့ Solaire Hotel မှာပြုလုပ်တဲ့ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (ABIS) မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်) Photo: Myanmar State Counsellor Office
မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဦးဆောင်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းအများစုဟာ အသေးစားနဲ့ အလတ်စားတွေသာ ဖြစ်နေကြပါတယ်၊ အမျိုးသမီးတွေအတွက် စိန်ခေါ်နေတဲ့ အခက်အခဲတွေက အများကြီးပါ၊ အရင်းအနှီး၊ လုပ်ငန်းနေရာ၊ သတင်းအချက်အလက်၊ နည်းပညာ စတာတွေ ရရှိနိုင်ဖို့ အလွန်တရာ လိုအပ်နေပါတယ်၊ ဒါ့ပြင် ကျားမ ခွဲခြားတဲ့ ဓလေ့ကလည်း ကြီးထွားနေဆဲပါပဲလို့ ပြောကြားခဲ့ပါတယ်။ မြန်မာ့အစဉ်အလာ ယဉ်ကျေးမှုအရ အမျိုးသမီးတွေအပေါ် လူမှုရေးဆိုင်ရာ အကန့်အသတ် အတားအဆီးတွေ ရှိနေဆဲပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့ပါတယ်။

အဲဒီလို အတားအဆီးတွေကို ကျော်လွှားပြီး၊ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို မြင့်တင်နိုင်မှ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်လာနိုင်မှာမို့ အမျိုးသမီးတွေအတွက် အရည်အသွေးမြင့်တင်ရေး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးအပါအ၀င် အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်၊ အစီအမံတွေ ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ စတင်မယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ တတ်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.