လူတွေအထိတ်တလန့် ဖြစ်စေမှုအတွက် လူ ၂ ဦးရဲ့ ဓာတ်ပုံကို ဗြိတိန် ရဲတပ်ဖွဲဖြန့်ဝေ


လန်ဒန်မြို့လယ်က မြေအောက်ရထား ဘူတာမှာဖြစ်ခဲ့တဲ့ လူတွေအထိတ်တလန့်ဖြစ်စေခဲ့မှုနဲ့ ပတ်သက်လို့ လူ နှစ်ယောက်ကို ဗြိတိန်ရဲတပ်ဖွဲ့က မေးမြန်းလိုတဲ့အတွက် သူတို့ရဲ့ ပုံတွေဖြန့်ဝေပြီး ရှာဖွေနေပါတယ်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ အဲဒီအထိတ်တလန့်ဖြစ်စဉ်အတွင်း ဘေးလွတ်ရာကို ပြေးခဲ့တဲ့လူ မည်သူကို မဆို တွေ့ဆုံ စကားပြောချင်နေတာပါ။

ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုပြီး လူတွေအထိတ်တလန့်ပြေးလွှားခဲ့ကြကာ ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပြီး လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။


ဘလက်ဖရိုင်းဒေးနေ့ ဖြစ်တာကြောင့် ဈေးဝယ်သူတွေ စည်ကားနေတဲ့အချိန်မှာ အခုလို အထိတ်တလန့် ဖြစ်စရာ သေနတ်သံကြားတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး လူတွေ အုတ်အော်သောင်းနင်း ပြေးလွှားခဲ့ကြကာ ရဲတပ်ဖွဲ့ဝင်တွေကို နေရာချထားခဲ့ရပြီး လမ်းသွားလမ်းလာတွေကို ဖယ်ရှားခဲ့ရတာဖြစ်ပါတယ်။

ကနဦးမှာတော့ ဒီကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ယူဆပြောဆိုမှုတွေလည်း ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီယူဆချက်တွေဟာ မမှန်ကန်ဘူးဆိုတာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့ကတော့ ဒီအထိတ်တလန့်ဖြစ်မှုဟာ လူသွားစင်္ကြန်ပေါ်က လူ ၂ ဦး ဆီကနေ အော်ဟစ် အငြင်းအခုံဖြစ်ရာကနေတဆင့် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။

ဓာတ်ပုံ- ရိုက်တာ ၊ Getty Images ၊ Met Police

ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/bbcburmese/
လူတွေအထိတ်တလန့် ဖြစ်စေမှုအတွက် လူ ၂ ဦးရဲ့ ဓာတ်ပုံကို ဗြိတိန် ရဲတပ်ဖွဲဖြန့်ဝေ လူတွေအထိတ်တလန့် ဖြစ်စေမှုအတွက် လူ ၂ ဦးရဲ့ ဓာတ်ပုံကို ဗြိတိန် ရဲတပ်ဖွဲဖြန့်ဝေ Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.