ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည် လေပိုက်ပေါက်မှုဖြစ်ပွား၊ တွင်းအတွင်း၌ ပိတ်မိသူ(၇)ဦးခန့်ရှိနေ


မင်းဘူး နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်အနီး ဆပ်ပြာချောင်း(ငဖဲမြို့နယ်အရှေ့ဘက်)ဟန်ထက်ကုမ္မဏီမှ တူးဖော်လျက်ရှိသည့် ကျောက်တလုံးမှော် ကျောက်မီးသွေးတွင်း၌ နိုဝင်ဘာလ ၂၇ ရက်နေ့ ယနေ့ မွန်းလွဲ(၃)နာရီခန့်က ကျောက်မီး သွေးတွင်း အနက်ပေ(၂၀၀)မှ ပေ(၂၅၀)ကြားရှိ တွင်းအတွင်းသို့ ပို့လွှတ်ပေးသည့် လေပိုက်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


အဆိုပါ လေပိုက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ချန်သောက်လွင်(၄၃)နှစ်၊ ကျန်ခွန်ရှိန်(၅၉)နှစ်၊ မင်းဘူးမြို့နယ် တောကျောင်းကုန်း ရွာမှ ကျောက်မီးသွေးတွင်းလုပ်သား ကိုမျိုး(၂၄)နှစ်နှင့် မမီမီဇင် (၂၂)နှစ် တို့သည် ငဖဲမြို့နယ်ပြည်သူ့ ဆေးရုံးသို့ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ စိုးရိမ်ရသည့်အခြေအနေ မရှိကြောင်းနှင့် ကျောက်မီးသွေးတွင်းအတွင်း၌ ပိတ်မိသူ(၇)ဦးခန့်ရှိနေသေးကြောင်း ကနဦးသတင်း သိရှိရသည်။


ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသူများအား ကူညီကယ်ဆယ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများသွားရောက် ကူညီပေးလျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည် လေပိုက်ပေါက်မှုဖြစ်ပွား၊ တွင်းအတွင်း၌ ပိတ်မိသူ(၇)ဦးခန့်ရှိနေ ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည် လေပိုက်ပေါက်မှုဖြစ်ပွား၊ တွင်းအတွင်း၌ ပိတ်မိသူ(၇)ဦးခန့်ရှိနေ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.