ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့် မညီညွတ်ပါက တိုင်ကြားနိုင်


ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စရပ်မျိုးတွေ တွေ့ရှိရင် စာရေးပြီးတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြော ကြားသွားတယ် လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ နိုဝင်ဘာ(၁၂)ရက်က ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းဝန်ကြီးချုပ်ကပြောကြားသွားတာဖြစ်တယ်လို့ လှိုင်သာယာမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမင်းကပြောပါတယ်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့နေရာမှာ အချို့မြို့နယ်တွေကဥပဒေအတိုင်း ဆောင် ရွက်သွားမှာ ဖြစ်ပေမယ့် ဥပဒေအတိုင်းဆောင်ရွက်လို့မရဘဲအခက်အခဲရှိနေတဲ့မြို့နယ်တွေကိုတော့ ၀န်ကြီး ချုပ်ရဲ့ညွှန် ကြားချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခက်အခဲရှိနေတဲ့ မြို့နယ်တွေအတွက် လိုအပ်ရင်လည်း ၀န်ကြီးချုပ်ရုံးက တိုက်ရိုက်စီမံ ဆောင် ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အခါမှာ ကိုယ့်ရပ်ကွက် အတွက် ဆောင်ရွက်မယ့်လူကောင်းလူတော်တွေကို ရွေးချယ်ဖို့လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ ပြောကြားပါတယ်။

ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေတက်ရောက်ခဲ့ ကြပါတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနဲ့ပတ်သက်ပြီး မြို့နယ်တွေမှာစီမံဆောင်ရွက်နေတာတွေကို တင်ပြဆွေးနွေးသွားဖို့အတွက် လာမယ့်နိုဝင်ဘာ(၁၄)ရက်မှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau ရွှေရည်မဉ္ဇူ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့် မညီညွတ်ပါက တိုင်ကြားနိုင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့် မညီညွတ်ပါက တိုင်ကြားနိုင် Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.