မန္တ​လေးမြို့ အောင်​​တော်​မူမြတ်​စွာဘုရားရှိ အလှူခံပုံး ၃ ပုံးရှိအလှူငွေများ ခိုးယူခံရ


မန္တ​လေးမြို၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃ လမ်း၊ ၂၈x၂၉ လမ်းကြားရှိ မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား လုံးတော်ပြည့်စေတီတော် ဂန္ဓကုဋီတိုက်အတွင်းရှိ အလှူခံပုံး(၅)ပုံး အနက် (၃)ပုံး ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၄ရက်နေ့ နံနက် ၇နာရီ ခန့်က ဘုရားဂေါပကအဖွဲ့ရုံး အလှူခံစာရေးဖြစ်သူ ဒေါ်တင်တင်ရီမှ သိရှိ၍ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းထွန်းထံ သတင်းပို့ခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ဂေါပကအဖွဲ့မှ သက်ဆိုင်ရာသို့ ဆက်လက်အကြောင်းကြားခဲ့သဖြင့် အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ငွေသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များမှ လိုက်လံရှာဖွေခဲ့ရာ အလှူခံပုံးများကို ဘုရားဝင်း အနောက်တောင်ထောင့် ဘိုးဘိုးကြီးနန်း အနီးတွင် တွေ့ရှိရပြီး အလှူခံပုံးများ၏ ပတ္တာကို ပလာယာအသေးဖြင့် ကိုက်ဖြတ် ဖွင့်ဖောက်၍ အတွင်းမှ ခန့်မှန်းအလှူငွေ (၅)သိန်းခန့် ခိုးယူ ပျောက်ဆုံးသွားကြောင်း စစ်ဆေးသိရှိရပြီး တာဝန်ရှိသူများက အခင်းဖြစ်နေရာ၊ လုံခြုံရေးကင်မရာ CCTVတို့နှင့် သက်သေများကို ဆက်လက်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်အပေါ် ပြစ်မှုကျူးလွန်သူများကို စုံစမ်းအရေးယူပေးရန် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းထွန်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၃)နယ်မြေရဲစခန်း (ပ)၆၇၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ဖြင့် အမှုဖွင့်အရေးယူထားရှိကာ ပြစ်မှုကျူးလွန်သူများကို အ
မြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်​။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တ​လေးမြို့ အောင်​​တော်​မူမြတ်​စွာဘုရားရှိ အလှူခံပုံး ၃ ပုံးရှိအလှူငွေများ ခိုးယူခံရ မန္တ​လေးမြို့ အောင်​​တော်​မူမြတ်​စွာဘုရားရှိ အလှူခံပုံး ၃ ပုံးရှိအလှူငွေများ ခိုးယူခံရ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.