ဘယ်လ်ဂျီယမ် ရဲထံ လာပြီး ကက်တလန်ခေါင်းဆောင် အဖမ်းခံ

ပူဂ်ျဒါမွန် လာ အဖမ်းခံကြောင်း အတည်ပြုတဲ့ ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေ
ကက်တလိုနီးယားရဲ့ ခေါင်းဆောင် အဖြစ်က ဖယ်ရှား ခံထားရသူ ကားလက်စ် ပူဂ်ျဒါမွန်နဲ့ သူ့ရဲ့ အကြံပေး အရာရှိဟောင်း ၄ ယောက်တို့ဟာ ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ထံ လာရောက် အဖမ်း ခံခဲ့ကြတယ်လို့ ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေက ပြောပါတယ်။

မစ္စတာပူဂ်ျဒါမွန်ကို ဖမ်းဆီးဖို့ စပိန် တရားသူကြီး တစ်ဦးက ဥရောပသမဂ္ဂ အီးယူ ဆိုင်ရာ ဖမ်းဝရမ်း တစ်စောင် ထုတ်ထားပါတယ်။

အဲဒီ ဖမ်းဝရမ်းကို အတည်ပြု ရမလား ဆိုတာကို ဘယ်လ်ဂျီယမ် တရားသူကြီးက နိုဝင်ဘာ ၆ ရက် တနင်္လာနေ့မှာ ဆုံးဖြတ်မယ် ဆိုပြီး ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေက ပြောပါတယ်။

 ပုန်ကန်မှုနဲ့ စပိန်အစိုးရက အလို ရှိနေတဲ့ ကကတ်တလန် ခေါင်းဆောင်
ကက်တလိုးနီးယားရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို စပိန် ဗဟို အစိုးရက ရုပ်သိမ်းပြီး တိုက်ရိုက် အုပ်ချုပ်လာတဲ့နောက် သီးသန့် ခွဲထွက်ဖို့ လူထု ဆန္ဒခံယူပွဲ ဦးစီးဦးဆောင် ကျင်းပခဲ့သူ မစ္စတာပူဂ်ျဒါမွန်ဟာ ဘယ်လ်ဂျီယမ်ကို ထွက်လာ ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ စပိန် နိုင်ငံထဲ မျှတတဲ့ တရားစီရင်မှု ရရှိနိုင်တယ်လို့ အာမခံချက် မရမချင်း စပိန်ကို မပြန်ဖူးလို့ မစ္စတာပူဂ်ျဒါမွန်က ပြောထားပါတယ်။
ကက်တလန် အနာဂတ် မရေရာသေး

ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ဆီ လာပြီး အဖမ်းခံခဲ့တဲ့ မစ္စတာပူဂ်ျဒါမွန်နဲ့ အပေါင်းအပါ ၄ ယောက်ကို ပုန်ကန်မှု၊ လှုံ့ဆော်မှု၊ ပြည်သူ့ဘဏ္ဍာကို မလျှော်မညီ သုံးစွဲမှု၊ ယုံကြည်မှု ဖော်ဖျက်မှု ဆိုတဲ့ ပုဒ်မတွေ တပ်ပြီး စပိန် ဗဟိုအစိုးရက အလို ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘယ်လ်ဂျီယမ် ရဲထံ လာပြီး ကက်တလန်ခေါင်းဆောင် အဖမ်းခံ ဘယ်လ်ဂျီယမ် ရဲထံ လာပြီး ကက်တလန်ခေါင်းဆောင် အဖမ်းခံ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.