မန္တလေးတွင် တရားမဝင် ငါးမန်းဂိမ်းဆိုင်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီး

တရားမဝင် ငါးမန်းဂိမ်းဆိုင်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီး ဂိမ်းဆိုင်ပိုင်ရှင် အမျိုးသားနှင့် ဒိုင်အဖြစ်ပြုလုပ်နေသော အမျိုးသမီး ၅ ဦး၊ လောင်းကစားရန်ရောက်ရှိနေသူ အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း(၃၂)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၂လမ်း၊ ၈၅×၈၆လမ်းကြား၊ အမှတ်(၂၇၈/B)တွင် ငါးမန်းဂိမ်းလောင်းကစားနေကြောင်း သတင်းအရ နိုဝင်ဘာလ ၁၁ရက်နေ့ ညနေ ၆နာရီအချိန်ခန့်က သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေခဲ့ရာ ဂိမ်းဆိုင်ပိုင်ရှင် အမျိုးသား၊ ဒိုင်အဖြစ်ပြုလုပ်နေသော အမျိုးသမီး ၅ ဦး၊ လောင်းကစားရန်ရောက်ရှိနေသူ အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း (၃၂)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲမှူးတင်နု ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အမှတ်(၆)နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းနှင့်တပ်ဖွဲ့ဝင်များသည် အောင်နန်းရိပ်သာအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ယုပါ သက်သေများနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၄၃/၂၀၁၇)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ပိုင်ရှင်ဖြစ်သူ Mr. Hou Chenfeng၊ ၂၆နှစ်၊ မှတ်ပုံတင်အမှတ် EA 2838042၊ တရုတ်/ဗုဒ္ဓနှင့်အတူ ဂိမ်းစက်များတွင် ဒိုင်အဖြစ်ဆောင်ရွက်နေသော အမျိုးသမီး ၅ ဦး၊ လောင်းကစားရန်ရောက်ရှိနေသူအမျိုးသား ၁၉ဦး၊ အမျိုးသမီး ၇ ဦး၊စုစုပေါင်း(၃၂)ဦး တို့ကို လောင်းကြေးငွေ (၂၀၂၂၉၅၀)ကျပ်၊ ဂိမ်းစက်(၅)လုံး၊ အကောင်းထိုးဂိမ်းစက်(၁)လုံးတို့နှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဂိမ်းဆိုင်ပိုင်ရှင် အမျိုးသားနှင့် ဒိုင်အဖြစ်ပြုလုပ်နေသော အမျိုးသမီး ၅ ဦး၊ လောင်းကစားရန်ရောက်ရှိနေသူ အမျိုးသား၁၉ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း (၃၂)ဦးကို အရေးယူပေးရန် ဒုရဲမှူးကျော်နုမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အမှတ်(၆)နယ်မြေရဲစခန်း (ပ)၅၀၅ /၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့် အရေးယူထားရှိသည်။

(Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တလေးတွင် တရားမဝင် ငါးမန်းဂိမ်းဆိုင်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီး မန္တလေးတွင် တရားမဝင် ငါးမန်းဂိမ်းဆိုင်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီး Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.