ဗင်နီဇွဲလားရေနံကုမ္ပဏီ၏ အမှုဆောင်အရာရှိ အယောက် ၅၀ကို လာဘ်စားမှုဖြင့် ဖမ်းဆီး

ဗင်နီဇွဲလားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ PDVSA ပိုင် ရေနံချက်စက်ရုံတစ်ရုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ကာရာကတ်စ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    ဗင်နီဇွဲလားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ PDVSA မှ အနည်းဆုံး အမှုဆောင်အရာရှိ ၅၀ဦးကို တရားမဝင် လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က နိုဝင်ဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ တွင် ပြုလုပ်သည့် အိုင်ဘီရို-အမေရိကန် ရှေ့နေချုပ် ထိပ်သီးအစည်းအဝေးတွင် Saab က PDVSA ကုမ္ပဏီမှ အမှုဆောင်အရာရှိ ၅၀ဦးနီးပါးကို ဖမ်းဆီးခဲ့ခြင်းကို ယင်းအစည်းအဝေး၌ အကြောင်းကြားပါကြောင်း နှင့် ယင်းအရာရှိ ၅၀ဦးအနက် ၆ဦးမှာ အကြီးတန်းမန်နေဂျာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Saab က ယင်းအကျင့်ပျက်ခြစားမှု လုပ်ဆောင်ချက်များကို ဗင်နီဇွဲလားနိုင်ငံ၏ငွေကြေးလဲလှယ်မှု ယန္တရားအဟောင်းအတွင်း မှတ်တမ်းတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Saab အား ရှေ့နေချုပ်အဖြစ် သြဂုတ်၅ ရက်တွင် ခန့်အပ်ခဲ့ပြီး ၎င်းက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် အိုင်ဘီရို-အမေရိကန် ရှေ့နေချုပ် ကွန်ရက် အတွက် အကြံဥာဏ်ကောင်းများ ဆောင်ကြဉ်းရာတွင် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိစကားပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဗင်နီဇွဲလားရေနံကုမ္ပဏီ၏ အမှုဆောင်အရာရှိ အယောက် ၅၀ကို လာဘ်စားမှုဖြင့် ဖမ်းဆီး ဗင်နီဇွဲလားရေနံကုမ္ပဏီ၏ အမှုဆောင်အရာရှိ အယောက် ၅၀ကို လာဘ်စားမှုဖြင့် ဖမ်းဆီး Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.