လမ်းဖြတ်ကူးသူ ခလေးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး


ပဲခူး အောက်တိုဘာ (၃၁)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အရှေ့ဘက်ကမ်းရပ်ကွက်ပိုင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအနီး ခလေးငယ်တစ်ဦး လမ်းဖြတ်ကူးရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြောင်း ဝေါမြို့ခံတစ်ဦး ထံက သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ (၃၁ )ရက် ညနေ(၃) နာရီကျော်အချိန်ခန့် က ယာဉ်မောင်း ပိုင်ပိုင်( ခ )စောဝါးမင်းပိုင် ကျောက်ကြီးမြို့နေသူမှာAYY- 7M------ SUZUKI အမျိုးအစားအဖြူ ရောင်ယာဉ်အားမောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသည့်အသက်( ၆) နှစ်အရွယ်ရှိ မခိုင်ဝေနိုင် ကန်တော်ရပ်ကွက် တဲကြီးစုပိုင်းနေ ခလေးငယ်တစ်ဦ အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဝေါမြို့မရဲစခန်းမှ ယာဉ်မောင်းစောဝါးမင်းပိုင်အား ယာဉ် (ပ) ၅၃/ ၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

News -- ဝေါသားဖိုးတေ
Waw Media Page
လမ်းဖြတ်ကူးသူ ခလေးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး လမ်းဖြတ်ကူးသူ ခလေးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.