ပုဂံရှေးဟောင်းဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်နေခြင်းကို ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းထိန်းသိမ်းသင့်သည်ဟုဆို


နိုဝင်ဘာ ၁၆ ။

မန္တလေးတိုင်း၊ပုဂံယဉ်ကျေးမှုနယ်မြေမှ ရှေးဟောင်းဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ကြ ခြင်းသည် အန္တရာယ်ဖြစ်စေနိုင်ပြီး အမြင်မသင့်တော်၍ ဌာနဆိုင်ရာများနှင့် ဒေသခံတို့ ၀ိုင်းဝန်းထိန်းသိမ်းပေးသင့်ကြောင်း ရှေးဟောင်းသူတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံဒေသ)ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ယခုရက်ပိုင်း လူမှုကွန်ယက်တွင် ကမ္ဘာလှည့် ခရီးသွားများ ပုဂံဘုရားအ ထွဋ်ထိတက်ရောက်နေပုံပျံ့နှံ့နေပြီး ယင်းမှာ ဇွန်လက ပုံဖြစ်၍ယင်းသို့တ က်ေ ရာက်ခြင်းကို တရားဝင်ခွင့်ပြုမထားသော်လည်း ယခင်ကတည်းက ခရီးသွားလုပ်ငန်းအတွက် နားလည်မှုပေးထားသည့် ဘုရား ၅ဆူသာရှိကြောင်း သိရသည်။

“ဘုရားရဲ့ အထွဋ်ပိုင်းအထိ တက်ကြတယ်။ အန္တရာယ်များပြီးအမြင်မသင့်ေ တ်ာဘူး။နားလည်မှုပေးခဲ့တဲ့ ဘုရား ငါးဆူမှာငလျင်ထိန်းသိမ်းရေးလုပ်ငန်းေ တွလုပ်နေလို့ ပိတ်ထားတယ်။သူတို့တက်တာမြင်လို့ ဆင်းခိုင်းတာ ကို မဆင်းတော့ နဘမ်းလုံးလို့လည်းမရဘူး။တရားစွဲလို့လည်း မရတော့ အားလုံးကပါဝင်ထိန်း သိမ်းပေးဖို့ လိုပါတယ်”ဟု ၄င်းကပြောသည်။

ရှေးဟောင်းဌာနနှင့် ကမ္ဘာလှည့် ခရီးသွားရဲတပ်ဖွဲ့တို့ကထိန်းသိမ်း ပညာပေးနေသော်လည်း ၀န်ထမ်း အင်အား နည်းသဖြင့် ဒေသခံများနှင့် အဖွဲ့အ စည်း များက ပူးပေါင်းပါဝင်ရန် လိုကြောင်း၊ ပုဂံညောင်ဦးဒေသတွင် ကမ္ဘာလှည့် ခရီးသွားများလိုက်နာရမည့် စည်းကမ်းများကို ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ အသိပေးထားသည့် အပြင် ဟိုတယ်များနှင့် တည်းခိုခန်းများ တွင် လည်းအသိပေးစာကပ်ထားကြောင်း သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
ပုဂံရှေးဟောင်းဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်နေခြင်းကို ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းထိန်းသိမ်းသင့်သည်ဟုဆို ပုဂံရှေးဟောင်းဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်နေခြင်းကို ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းထိန်းသိမ်းသင့်သည်ဟုဆို Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.