စက်လှေ(၂)စီး တိုက်မိခဲ့ရာမှ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအရှေ့ရေပြင်တွင် စက်လှေ(၂)စီး တိုက်မိခဲ့ရာမှ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး
မြိတ် နိုဝင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင် ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာအရှေ့ရေပြင်တွင် နိုဝင်ဘာလ ၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က စက်လှေ (၂)စီး တိုက်မိခဲ့ရာမှ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်လှေဆိပ် အရှေ့ဘက်ရေပြင် ပေ (၃ဝဝ)ခန့်အကွာတွင် သင်္ဘောဦးကျေးရွာ၊ တနင်္သာရီမြို့နယ်နေ စောနော်အယ် (၂၉)နှစ်၊ မောင်းနှင်သော အလျား (၅၄)ပေခန့်၊ အနံ (၈)ပေခန့်၊ (၄)လုံးထိုး ဝမ်းထိုင် ရေယာဉ်သည် သာရဘွင်ကျေးရွာမှ သင်္ဘောဦးကျေးရွာသို့ သွားရောက်ရန် ထွက်ခွာလာစဉ် ချစ်လွမ်းနိုင် (၁၇)နှစ်၊ ရေပူကျေးရွာ၊ သိန္ဓောကျေးရွာုအပ်စု၊ တနင်္သာရီမြို့နယ် နေသူမောင်းနှင်လာသော အလျား (၃ဝ)ပေ၊ အနံ (၃)ပေခန့်ရှိ ဟွန်ဒါစက်တပ်လှေသည် သာရဘွင်ကျေးရွာမှ ရေပူကျေးရွာသို့ ပြန်ရန်အတွက် ထွက်ခွာလာစဉ် နိုဝင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့် တွင် သာရဘွင်ကျေးရွာအရှေ့ ရေပြင်အရောက်တွင် စောနော်အယ် မောင်းနှင်သည့် စက်လှေမှ ချစ်လွမ်းနိုင် မောင်းနင်သည့် စက်လှေ၏ ဦးခေါင်းပိုင်းအား ဝင်ရောက်တိုက်မိခဲ့ရာ ချစ်လွမ်းနိုင်လှေပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၆)ဦးအနက်မှ ဒေါ်ဌေးရှင် (၅၅)နှစ်၊ (ဘ) ဦးဘသက်၊ ဥယျာဉ်ခြံလုပ်၊ ရေပူကျေးရွာနေသူမှာ နဖူးဖူးရောင်ဒဏ်ရာ (၁)ချက်၊ ညာဘက်ပေါင်ကျိုးဒဏ်ရာတို့ ရရှိခဲ့ပြီး မနှင်းဆုဝေ (၃)နှစ်၊ (ဘ) ဦးကျော်သူ၊ ရေပူကျေးရွာနေသူတွင် ညာဘက်လက်မောင်းရိုးကျိုး၊ ညာဘက် ရင်ဘတ်ညိုမဲဒဏ်ရာ၊ ညာဘက်နဖူးဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ တို့ဖြင့် သေဆုံးသွားခဲ့သောကြောင့် ဒဏ်ရာရရှိသူ ဒေါ်ရှင်ဌေးနှင့် သေဆုံးသူ မနှင်းဆုဝေ တို့အား ရဲဆေးစာနှင့်အတူ တကူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တကူရဲကင်းစခန်းမှ ဒုရဲအုပ်နေဝင်းမြင့်မှ အမှုဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စက်လှေ(၂)စီး တိုက်မိခဲ့ရာမှ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး  စက်လှေ(၂)စီး တိုက်မိခဲ့ရာမှ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.