ယခုရက်ပိုင်းအတွင်း စည်းကမ်းပျက် မျှောပိုက် ငါးဖမ်း ရေယာဉ် ဖမ်ဆီးရမိမှု သုံးစီးအထိရှိလာ


ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်ငါးဖမ်းကွက်အတွင်းသတ်မှတ်ငါးဖမ်းကွက်ကျော်လွန်၍ ငါးဖမ်းဆီး နေသော စည်းကမ်းပျက် ငါးဖမ်းရေယာဉ်များ ဖမ်းဆီးရမိမှုမှာနိုဝင်ဘာ၂၅ ရက်တွင် သုံးစီးအထိ ရှိနေပြီဖြစ်ကြောင်း မြို့ ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ငရုပ်ကောင်းမြို့အပိုင် အုန်းကျွန်းကြီး၏ အနောက်တောင်ဘက်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်ရှိ ကမ်းဝေးငါးဖမ်းရေယာဉ်များ ဝင်ရောက်ငါးဖမ်းခွင့်မရှိသည့် ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းနေသော တိုးတိုးလွင်(၃) အမည်ရှိ ဒရွတ်ဆွဲပိုက် ငါးဖမ်းရေယာဉ်ကို ပင်လယ်ပြင်တွင်စစ်ဆင်ရေတာဝန် ထမ်းဆောင်နေသည့် ပမ္မဝတီရေတပ်စခန်းဌာနချုပ် ၊ ကွပ်ကဲမှုအောက်ရှိ ဗိုလ်မှုးအောင်ကျော်လတ် ဦးစီးသော စစ်ရေယာဉ်(၅၅၁) က ဖမ်းဆီ၍ ဟိုင်းကြီးကျွန်းမြို့ငါးလုပ်ငန်း ဦးစီးဌာနသို့ရေယာဉ်နှင့်ရေယာဉ်ပေါ်ပါပစ္စည်း ရေလုပ်သားများကို ငါး လုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် လွှဲပြောင်းပေးအပ် ခဲ့ရပြီးဖြစ်သည်။

ဆက်လက်၍ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ငရုပ်ကောင်းမြို့ အပိုင် ဂေါ်ရန်ဂျီ ကျွန်း၏ အနောက်တောင် ဘက် ၂မိုင်ခန့်အကွာ တွင် ဆက်ကောင်းမြတ် အမည်ရှိ မျှောပိုက် ငါးဖမ်းရေယာဉ် နှင့်ရန်ရှင်းအောင် အမည်ရှိ မျှောပိုက်ငါးဖမ်းရေယာဉ် တို့(၂) စီးမှ သတ်မှတ်ငါးဖမ်းကွက် ကျော်လွန်ငါးဖမ်းနေသည်ကို စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ်(၂၀၁)က စစ်ဆေးတွေ့ရှိ၍ စည်းကမ်းပျက်ငါးဖမ်းရေယဉ် အဖြစ် ဖမ်းဆီးခေါ်ဆောင်လာကာ ဟိုင်းကြီးကျွန်းမြို့ငါးလုပ်ငန်း ဦးစီးဌာနက နိုဝင်ဘာလ၂၅ရက်နေ့က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ရေယာဉ်၊ ပစ္စည်းရေလုပ်သားများ လွှဲပြောင်း လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ဟိုင်းကြီးကျွန်းမြို့နှင့် ငရုပ်ကောင်းမြို့ တို့သည်ပင်လယ်ကမ်း ခြေချင်း ထိစပ်လျက်ရှိပြီး ကမ်းနီးရေလုပ်ငန်းလုပ် ကိုင်သူမှာအများစု ရှိကြောင်း၊ စည်းကမ်းပျက် ကမ်းဝေးငါးဖမ်း ရေယာဉ်များ၏ ဒရွတ်ပိုက်ဝင်ရောက် ဆွဲခြင်းကြောင့် ငါးဖမ်းကွက်ကြပ်တည်းမှု၊ တစ်ခါတစ်ရံ ဒရွတ်ပိုက်ဝင်ဆွဲရာမှ ကမ်းနီးငါးဖမ်းရေယာဉ်များ၏ မျှောပိုက်များ ပြတ်ထွက်၍ ပျက်စီးဆုံးရှုံးမှုများ လည်း ရှိကြောင်း၊ အင်ဂျင်နှင့် ရေယာဉ်အရွယ်အစားကြီးမား၍ ပင်လယ်ပြင် တွင် နိုင်ထက်စီးနင်းပြုမူမှုများ လည်းရှိကြောင်း ဒေသခံရေလုပ်သားများထံမှ သိရှိရသည်။

ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယခုရက်ပိုင်းအတွင်း စည်းကမ်းပျက် မျှောပိုက် ငါးဖမ်း ရေယာဉ် ဖမ်ဆီးရမိမှု သုံးစီးအထိရှိလာ ယခုရက်ပိုင်းအတွင်း စည်းကမ်းပျက် မျှောပိုက် ငါးဖမ်း ရေယာဉ် ဖမ်ဆီးရမိမှု သုံးစီးအထိရှိလာ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.