အမရပူရမြို့တွင် လူသတ်မှုဖြစ်ပွား


အမရပူရ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့တွင် နိုဝင်ဘာ ၉ ရက် ည ၈နာရီက မှန်တန်းရပ်ကွက်ရှင်ပင်ဆပ်သွားဘုရားပွဲဈေးတန်းတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ည ၈နာရီတွင် ဘုရားပွဲအတွင်း ဝေယံဦး ဇာတ်စင်အနောက်ဘက်တွင် အမရပူရမြို့နယ် ဝက်ကုန်း ရပ်ကွက်နေ ဝင်းမြင့်ဦး၊ စိုးလင်းအောင်၊ မင်းခန့်ကျော်တို့ သုံးဦးသည် တစ်ရပ်ကွက် တည်းနေ မော်ဦး၊ မော်တူး၊ မျိုးလှိုင်ဝင်းတို့နှင့် ပွဲခင်းအတွင်း ပုခုံးချင်းတိုက်မိပြီး စကားများရာမှ မော်ဦး၊ မော်ထူး၊ မျိုးလှိုင်ဝင်းတို့မှ ဝင်းမြင့်ဦးအား ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဝင်းမြင့်ဦးမှ ခါးတွင်အသင့် ပါလာသော အရိုးအသွား ကိုးလက်မခန့်ရှိဓားဦးချွန်ဖြင့် မော်ဦးတို့ သုံးဦးအား ဝမ်းဗိုက်သို့ တစ်ယောက် တစ်ချက်စီထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
သတင်းကြားသိသိချင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့မှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းပိုင်ဦးနှင့်အဖွဲ့အား တရားခံများ ဖမ်းဆီးရမိရေးအတွက် ခွဲဝေစေလွှတ်ခဲ့ရာ ဓားဖြင့် ထိုသူဝင်းမြင့်ဦးအား ည ၈ နာရီ၂၀ တွင် နေအိမ်ရှေ့လမ်းမပေါ်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓားထုံးခံရသူ သုံးဦးအနက် မော်ဦးနှင့် မော်ထူးမှာ ည ၈နာရီ မိနစ် ၄၀ မိနစ်တွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အမရပူရမြို့မရဲစခန်းမှ တရားခံဝင်းမြင့်ဦး၊ စိုးလင်းအောင်၊မင်းခန့်ကျော်တို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမရပူရမြို့တွင် လူသတ်မှုဖြစ်ပွား အမရပူရမြို့တွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.