တီးတိန်မြို့နယ်၌ ကြိုးတံတား ပြတ်ကျမှုဖြစ်ပွား

မံဆောင်းကြိုးတံတား၏ ဝဲဘက်ခြမ်းရှိ အပေါ်ဆိုင်းကြိုး ပြုတ်ကျသည့် မှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အနောက်ဘက် (၇)မိုင်ခန့်အကွာ တီးတိန်-ရိဒ်သွား ကားလမ်း အရှည်(၃၆၀)ပေ၊ အကျယ်(၂၀)ပေရှိ မံဆောင်းကြိုးတံတား၏ ဝဲဘက်ခြမ်းရှိ တံတားကြမ်းပြင်နှင့် အပေါ်ဆိုင်းကြိုးထောက်ထား သည့် တိုင်အမှတ်(၉)မှ ဆိုင်းကြိုး(၁)ချောင်း၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇း၀၀ နာရီ အချိန် တွင် ပြတ်ကျသွားကြောင်း သိရပါသည်။


အဆိုပါ ကြိုးတံတားပြတ်ကျသွားသည့်အတွက် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး ယာဉ်ကြီးများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား ကြောင်းနှင့် လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးဟရန်သင်း ဦးစီးအဖွဲ့မှ ပြုပြင်လျက်ရှိကြောင်း  ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

သစ်ထူးလွင်

တီးတိန်မြို့နယ်၌ ကြိုးတံတား ပြတ်ကျမှုဖြစ်ပွား တီးတိန်မြို့နယ်၌ ကြိုးတံတား ပြတ်ကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.