ဘိုကလေးတွင် ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွား


၆ နိုဝင်ဘာ ၂၀၁၇

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဘိုက​လေးမြို့နယ်​၊ အမှတ်​(၁)ရပ်​ကွက်​၊ ​ရွှေငါးကြီဂိတ်​တွင်​ နိုဝင်ဘာလ ၆ ရက်နေ့ ယနေ့နံနက် ၁၁း၃၅ အချိန်​ခန့်​တွင် ဆီဂို​ဒေါင်​ မီး​လောင်​မှုဖြစ်​ပွား​လျှက်ရှိကြောင်း သတင်းရရှိသည်။


ဘိုက​လေးမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ (၄)စီး၊ ဖျာပုံမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၂)စီး၊ ကျိုက်လတ်မြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၂)စီး၊ ​ဒေးဒရဲမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၂)စီး၊ ကျိုက်​ပိမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၁)စီး၊ ​မော်​ကျွန်းမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ (၁)စီး၊ ဘိုက​လေးအရန်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ (၃)စီး၊ စုစု​ပေါင်း မီးသတ်​ယာဉ်​ (၁၅)စီး ထွက်​ခွာငြှိမ်းသတ်​လျက်​ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။


ဖြည့်စွက်ချက် - နေ့လယ် ၁၂း၃၀အချိန် မီးထိန်းနိုင်ခဲ့ပြီး ၁း၀၀နာရီအချိန် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းရသည့်အကြောင့်အရင်းနှင့် ပျက်စီးဆုံးရှုံးမှုများအား မီးသတ်ဌာနမှစုံစမ်းစစ်ဆေးလျှက်ရှိသည်။

ဧရာဝတီတိုင်းမ်
ဓါတ်ပုံ - ဌေးဝင်း နိုင်၊ကိုစန်းမြင့်/ဖေ့ဘုတ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ဘိုကလေးတွင် ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွား ဘိုကလေးတွင် ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.