ယနေ့ ဘူးသီးတောင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်မည်


နိုဝင်ဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။   ။   ဘူးသီးတောင်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို နိုဝင်ဘာလ (၂) ရက်နေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၂ နာရီအထိ ပြုလုပ်သွားမည်။

အဆိုပါ ထောက်ခံပွဲကို ဘူးသီးတောင် NLD ပါတီမှ ဦးဆောင်ပြီး သက်၊ ဒိုင်းနက်၊ မြိုနှင့် ခမီ စသည့် တိုင်းရင်းသား မျိုးနွယ်စုဝင်များက ပြုလုပ်သွားမည်ဟု ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးရဲသိန်းက DMG ကို အတည်ပြုပြောကြားသည်။

" ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒေါ်စုထောက်ခံပွဲကို ပြုလုပ်ဖို့ စီစဉ်ပြီးပါပြီ။ ဒီလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက နိုင်ငံတကာရှေ့မှာ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ အမှန်တရားပေါ်ပေါက်ဖို့ ကြိုးစားနေတယ်။ ကမ္ဘာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခြေပြု မိန့်ခွန်းပြောကြားပြီး နိုင်ငံတကာကို ချေပနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ပါတီစွဲမထားဘဲ တစ်မျိုးသားလုံးအရေးနဲ့ သက်ဆိုင်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ” ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ဟိန္ဒူနှင့် မရာမာကြီး လူမျိုးတို့ကို စာဖြင့်ဖိတ်ခေါ်ထားကြောင်း၊ ယခုအရေးကိစ္စကို ဆန်းစစ်မည်ဆိုပါက ခေတ်အဆက်ဆက် အစိုးရမှ ရခိုင်ပြည်ပြဿနာကို လစ်လှူရှုခဲ့ကြပြီး ရင်ထဲဝင်နေသည့် စူးတစ်ချောင်းကို ဒေါ်အောင်ဆန်းစုကြည်က နုတ်ပယ်ခဲ့ကြောင်း၊ ယင်းစူးရှိနေ၍ ရခိုင်တစ်ပြည်နယ်လုံး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးခဲ့ကြောင်း၊ အဆိုပါ စူးကို နုတ်ပယ်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ထောက်ခံပွဲ ပြုလုပ်ရကြောင်း ဦးရဲသိန်းက ပြောသည်။

မနက်ဖြန် နိုဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေမြို့ရောက်သို့ လာရောက်မည်ဟု သတင်းများထွက်ပေါ်နေသည်။

“ မနက်ဖြန်တော့ စစ်တွေကို လာရောက်ဖို့တော့ ကြားပါတယ်။ ဘူးသီးတောင်ကို လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျွန်တော်တို့ အနေနဲ့ကတော့ မဖြစ်မနေပြုလုပ်သွားမှာပါ။ လာဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အတိုင်မသိ ဝမ်းသာရမှာပါ။ ဒီလို ဒေါ်စုကို ထောက်ခံပွဲ လုပ်နေတဲ့အချိန်နဲ့ ဒေါ်စု ရောက်လာတာနဲ့ တိုက်ဆိုင်မူလေး တစ်ခုဖြစ်နိုင်ရင်တော့ ဒီဖက်က ဒေါ်စုကို ထောက်ခံပွဲပြုလုပ်နေတဲ့ လူတွေအတွက်ကတော့ အလွန်ဝမ်းမြောက်စရာဖြစ်မှာပါ။ " ဟုပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအဝှမ်းတွင် ကြိုဆိုထောက်ခံပွဲများ ပြုလုပ်နေကြပြီး ရခိုင်ပြည်နယ်မှာတော့ ယခုဘူးသီးတောင်၌ ပြုလုပ်မည့် ထောက်ခံပွဲသည် ပထမဦးဆုံးပွဲဖြစ်သည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓါတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး)
ချလူးအောင်
Development Media Group
http://www.dmediag.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ