ထိုင်းနိုင်ငံသူတဦး ရာဘာတော အတွင်း အသတ်ခံရ


၉ နိုဝင်ဘာလ ၂၀၁၇

ထိုင်းနိင်ငံ သရန်ပြည်နယ် ကပ်တန်မြို့ နယ်အတွင်းက ရာဘာတောအတွင်းမှာ ထိုင်းနိုင်ငံသူ ၀ီလင်တရာ အသက်၃၃ နှစ်ကို သေဆုံးတဲ့အထိရိုက်နှက်ပြီး ထွက်ပြေးသွားသူဟာ မြန်မာနိုင်ငံကနေလာရောက်နေထိုင်းပြီး အလုပ်လုပ်နေသူ ကိုအုန်းဆိုသူဖြစ်ပြီး နယ်မြေရဲတပ်ဖွဲ က တရားခံ ကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ကိုအုန်းနဲ့ အတူနေထိုင်နေသူဖြစ်ပါတယ် ၊ အခင်းမဖြစ်ပွားခင် (၃)ရက် က အမျိုးသမီးကို ရာဘာတောထဲ မှာ ရိုက်နှက်ခဲ့သူ ကိုအုန်းဟာ သေဆုံးအမျိုးသမီးရဲ့  ဖခင်ဆီကို ဖုန်းဆက်ပြီး သူ့ ကို ခွင့်လွတ်ပါ အဖေ့သမီးကို ရိုက်နှက်ခဲ့ပါတယ်လို့  ပြောခဲ့ပါတယ်။

ဖခင်ကလင်မယား ရန်ဖြစ်တယ်လို့ သာ ထင်ခဲ့ပြီး သုံးရက်မြောက်တဲ့နေ့ မှ သမီးရော ကိုအုန်းပါ ပျောက်နေလို့  လိုက်ရှာတော့မှာ ရာဘာတောထဲမှာ သေဆုံးနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ ခဲ့တာပါ။

ဝီလင်တယာ ဟာ ခလေးနှစ်ယောက်မိခင်မုဆိုးမ တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကလာရောက်နေထိုင်နေသူ ကိုအုန်းဟာ ထိုင်းနိုင်ငံမှာ အနေကြာနေထိုင်နေသူဖြစ်ပါတယ် ။ သူတို့ နှစ်ဦး အွန်လိုင်းဖေ့ဘုတ်ကနေ ဆက်သွယ်ပြီး အမျိုးသမီးက ကိုအုန်းနေထိုင်နေတဲ့နေရာကို လာရောက်နေထိုင်နေခဲ့တာပါ။

တရားခံဟာ အမျိုးသမီးရဲ့  ဆိုင်ကယ်ကို ယူပြီး ထွက်ပြေးသွားခဲ့ပါပြီ။

SAW
Thainews.com
Social Action for Children and Women - SAW
ထိုင်းနိုင်ငံသူတဦး ရာဘာတော အတွင်း အသတ်ခံရ ထိုင်းနိုင်ငံသူတဦး ရာဘာတော အတွင်း အသတ်ခံရ Reviewed by THITHTOOLWIN on 11:50 Rating: 5
Powered by Blogger.