ဘူးသီးတောင်မြို့နယ်၌ မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သား (၁)ဦး သေဆုံး


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ၀၈၀၀ အချိန် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဘိုကလေး ရွာဟောင်းနေ ဦးရန်ဂီး၊ (၂၁)နှစ်နှင့် ဇနီးဖြစ်သူ မနန်းလီ၊ (၂၀)နှစ် တို့သည် ကုလားသေကျေးရွာရှိ ဆွေမျိုးများထံ အလည်သွားပြီး အပြန် ဘောဓိကိုင်းကျေးရွာ ခန့်မှန်း (DU-38536) အရှေ့ဘက် ကိုက်(၄၀၀၀)ခန့်အကွာ စိုင်းဒင် တောင်ကြောအရောက်၌ မိုင်းနင်းမိပေါက်ကွဲခဲ့၍ ဦးရန်ဂီးတွင် ခန္ဓာကိုယ်မိုင်းစများ ထိမှန်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း သိရပါသည်။

 မနန်းလီနှင့်ရွာသား(၁၀)ဦးတို့သည် ဦးရန်ဂီး၏ အလောင်းအား အခင်းဖြစ်ရပ်မှ သွားရောက်သယ်ဆောင်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့ ၀၃၀၀ အချိန် ဘိုကလေးရွာဟောင်းသို့ ရောက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာသို့ ငမြင်းဘော်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးချက်အရ ဦးရန်ဂီးမှာ လက်လုပ်တိုက်မိုင်းဟု ယူဆရသော မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာဖူးရောင်၊ ဝဲမျက်လုံး ပေါက်ထွက်၊ ဝဲတံတောင်ဆစ်ပေါက်ပြဲ၊ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ (၅)ချက်ခန့်၊ရင်ဘတ် ညိုမဲ၊ပေါင်/ခြေသလုံး ယမ်းစဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဦးရန်ဂီး သေဆုံးမှုနှင့် ပတ်သက်၍ တောင်ဘဇာနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၁/၂၀၁၇)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဘူးသီးတောင်မြို့နယ်၌ မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သား (၁)ဦး သေဆုံး ဘူးသီးတောင်မြို့နယ်၌ မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သား (၁)ဦး သေဆုံး Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.