တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ထောင်ပေးဖို့အဆို ပြည်နယ်လွှတ်တော်အတည်ပြု

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို တွေ့ရစဉ် / Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမို တည်ထောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် အတည်ပြုလိုက်ပါတယ်။

အဆိုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က တင်သွင်းခဲ့တာဖြစ်ပြီး မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ နယ်မြေမဆုံးရှုံးအောင် တင်သွင်းခဲ့တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ရခိုင်ပြည်နယ်ရဲ့ပိုင်နက် နယ်နိမိတ်မဆုံးရှုံးစေရေးအတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ၁၇ မြို့နယ်က ရခိုင်နဲ့မျိုးနွယ်စုတွေကို စုစည်းပြီး ရခိုင်တိုင်းရင်းသားကျေးရွာတွေအဖြစ် အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာ လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မတိုင်မီက ရခိုင်ကျေးရွာ ၂၀၀ လောက်ရှိခဲ့ရာကနေ မွတ်စလင်တွေနဲ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၁၉၉၂ ခုနှစ်မှာတော့ ရခိုင်တိုင်းရင်းသားကျေးရွာ ၄၆ ရွာသာ ကျန်တော့တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့သတ္တုဝန်ကြီး ဦးကျော်လွင်က အစိုးရအဖွဲ့ကိုယ်စား အဆိုကိုထောက်ခံခဲ့ပြီး  "ရမ္မာရွှေပြည်" ဆိုတဲ့တိုင်းရင်းသားကျေးရွာတစ်ခုကို မောင်တောမြို့နယ်တောင်ပိုင်းမှာ ထူထောင်ဖို့ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

အဆိုကို ဒီနေ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး  အတည်ပြုလိုက်တာ လည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ