အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူအား ဖမ်းဆီးမိ

အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများယူဆောင်သွားသူအား မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဖမ်းဆီးရမိ
မန္တလေးမြို့မှာ နိုဝင်ဘာလ ၁၄ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ခန်း တစ်ခုအတွင်း အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေတဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်လို့ ကျူးလွန်သူကို အမှတ်(၂) နယ်မြေရဲစခန်းက နိုဝင်ဘာလ ၂၁ ရက်နေ့  ဒီနေ့ နေ့လည်မှာ ဖမ်းဆီးမိကြောင်း သိရပါတယ်။

သေဆုံးသူရဲ့ ဆိုင်ကယ်ကို မောင်းနှင်နေတဲ့ လူငယ်တစ်ဦးကို ရဲ က ဒီနေ့နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့ရာကနေစလို့ လိုက်လံဖမ်းဆီးရာကနေတဆင့် အခုလိုဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်မှာ ၁၄-၁၁-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်နေ ဒေါ်ဌေးဌေးညွှန့် သည် သားဖြစ်သူ စိုင်းလုံ ၃၇ နှစ်၊ ဥပုသ်တော်ရပ်ကွက်၊ ရွှေမန်းတောင်ဘောလုံးကွင်းတိုက်တန်း၊ အခန်းအမှတ်(E-2)တွင်တစ်ဦး တည်းနေထိုင်သူထမင်းလာ မစားသဖြင့် သွားရောက်ခဲ့ရာ နေအိမ်သံတခါးအတွင်းမှ သော့ခတ် ပိတ်ထားသည်ကို တွေ့ရှိ၍ အတွင်း လိုက်ကာအား ဆွဲလှန်ကြည့်ရှုရာ စိုင်းလုံအား နေအိမ်အတွင်းအိမ်သာရှေ့၌လဲကျေနေသည်ကိုတွေ့ရှိ၍ ပတ်ဝန်းကျင်အကူအညီဖြင့် တံခါးသော့အားရိုက်ဖျက်ဝင်ရောက်ခဲ့ပြီး စိုင်းလုံအားကြည့်ရှုရာ လည်ပင်း/နဖူး/ယာမျက်ခုံး ပြတ်ရှဒဏ်ရာ၊ ယာချိုစောင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်းနှင့် ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ၁ ကုံးနှင့် လက်စွပ်တို့မှာပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အမှတ်-၂ နယ်မြေရဲစခန်း (ပ)၃၂၇/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ အရအမှုဖွင့်ပြီး တရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ် ကြပ်မတ်ပြီး အမှုစုံစမ်စစ်ဆေးအရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်စေခဲ့သည်။

၂၁.၁၁.၂၀၁၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးညွန့်၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်ကိုဝင်းနှင့် အဖွဲ့သည် အမှုမှတရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၈၀x၁၇ လမ်းထောင့်တွင် မသင်္ကာလူငယ်တစ်ဦးမှ သေဆုံးသူ၏ ၄၅ယ/xxxxx Adixin ဆိုင်ကယ်အား မောင်းနှင်သွားကြောင်း တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ၈၀x၁၈ လမ်းထောင့်တွင် မသင်္ကာတရားခံ စောကညောထူး(ခ) ကရင်လေး ၂၂ နှစ်၊ ၃၅ လမ်း၊ ၆၈x၆၉ လမ်းကြားနေသူ အားဖမ်းဆီးရမိခဲ့သည်။

 စောကညောထူး(ခ)ကရင်လေးအား စစ်မေးရာ ၄င်းသည် ၁၄.၁၁.၂၀၁၇ ရက်နေ့တွင် အခင်းဖြစ်နေအိမ်၌ သေဆုံးသူ စိုင်းလုံနှင့် အတူရောက်ရှိပြီး စကားများရန်ဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းယူဆောင်ခဲ့သည့် စိုင်းလုံ၏ ရွှေထည်ပစ္စည်းနှင့် လက်ကိုင်ဖုန်း တို့အား သက်သေများရှေ့အပ်ပေး သဖြင့်သိမ်းဆည်းပြီး တရားခံအား အမြန် တရားစွဲတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူအား ဖမ်းဆီးမိ အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူအား ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.