အီရန်နိုင်ငံရဲ့ အနုမြူထုတ်လုပ်မှုကို ကူညီမယ်လို့ ပူတင်ပြော


အီရန် ၊ အဇာဘာဂျန်နဲ့ ရုရှား၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ဖို့ အတွက် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်ဟာ အီရန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ပယ်ဖျက်မယ်လို့ ခြိမ်းခြောက် ခံနေရတဲ့ အီရန်နိုင်ငံရဲ့ အနုမြူထုတ်လုပ်မူ စာချုပ်အခြေအနေအပေါ်အကူအညီပေးမယ်လို့လဲ ဆိုပါတယ်။

ပူတင်က အီရန်သမ္မတ Hassan Rouhani တွေ့ဆုံစဉ်မှာ နိုင်ငံတကာ သဘောတူညီချက် ကို ချိုးဖေါက်တဲ့ တချို့နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ထရမ့်ရဲ့ အီရန်နိုင်ငံအပေါ်ပြောဆိုချက်တွေကိုဝေဖန်လိုက်ပါတယ်။

အနုမြူထုတ်လုပ်မှု သဘောတူညီချက်ကို တဘက်သတ်ကြီး ပယ်ဖျက်မယ်လို့ ပြောဆိုနေတာမျိုးကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူးလို့ လဲ ပူတင်ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အီရန်နိုင်ငံရဲ့ အနုမြူထုတ်လုပ်မှုကို ကူညီမယ်လို့ ပူတင်ပြော အီရန်နိုင်ငံရဲ့ အနုမြူထုတ်လုပ်မှုကို ကူညီမယ်လို့ ပူတင်ပြော Reviewed by THITHTOOLWIN on 05:07 Rating: 5
Powered by Blogger.