ပုဂံ​ရှေး​ဟောင်းနယ်​​မြေရှိ ဘုရားပေါ်မှ အမေရိကန်နိုင်ငံသူ (၁)ဦး မတော်တဆပြုတ်ကျ​သေဆုံး


မန္တလေးတိုင်းဒေသကြီး ​ညောင်​ဦးမြို့နယ်​၊ ပုဂံ​ရှေး​ဟောင်းနယ်​​မြေရှိ ဘုရားအမှတ် ၃၅၂/၂၁၃ ဝတ္တနသောဘုရားတွင်​ အမေရိကန်နိုင်ငံသူ Braun Kassanbra Arielle (အသက် ၂၁ နှစ်)သည်​ နိုဝင်​ဘာ ၇ရက်​ ည​နေ ၄နာရီခွဲအချိန်​ခန့်​က နေဝင်ဆည်းဆာ တက်ရောက်ကြည့်ရှုရာ အမြင့်ပေ ၂၀ ခန့်မှ မတော်တဆပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 နေဝင်ဆည်းဆာ တက်ရောက် ကြည့်ရှုရာမှ မတော်တဆပြုတ်ကျခဲ့ရာ မျက်ကွင်း နှစ်ဘက် ဖူးရောင်ညိုမဲ၊ နား/နှာခေါင်း သွေးထွက်ဒဏ်ရာများ(သတိမရ)ရရှိသဖြင့် ညောင်ဦးဆေးရုံ မှ တစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် ၁၈း၃၅ နာရီအချိန်တွင် တောင်သာမြို့နယ် ဆင်တဲဝချောင်းအနီး၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 ညောင်ဦးမြို့မရဲခစန်းမှ သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၇)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်းနှင့် ၄င်းအမေရိကန်နိုင်ငံသူသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ညောင်ဦးမြို့နယ်သို့ရောက်ရှိပြီး ပုဂံမြို့ဟောင်းရှိ သီရိပစ္စယာဟိုတယ်၊ အခန်းအမှတ် (S.102)တွင် တည်းခိုနေထိုင်သူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ပုဂံ​ရှေး​ဟောင်းနယ်​​မြေရှိ ဘုရားပေါ်မှ အမေရိကန်နိုင်ငံသူ (၁)ဦး မတော်တဆပြုတ်ကျ​သေဆုံး ပုဂံ​ရှေး​ဟောင်းနယ်​​မြေရှိ ဘုရားပေါ်မှ အမေရိကန်နိုင်ငံသူ (၁)ဦး မတော်တဆပြုတ်ကျ​သေဆုံး Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.