ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲခြင်းပြီးသေဆုံး


မိုးကောင်း - နိုဝင်ဘာ ၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျွန်းပင်သာကျေးရွာအုပ်စု ရှမ်းရွာသစ်ကျေးရွာအနီး ရွေဘို-မြစ်ကြီးနား ပြည်ထောင်စုကါးလမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၂ရက်နံနက် ၃နာရီခွဲက ကားနှင့်ဆိုင်ကယ်တိုင်မိပြီး ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦး ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။


ဖြစ်စဉ်မှာ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(KM-404)အနီးတွင် မြစ်ကြီးနားဖက်မှမောင်းနှင်လာသော ကားတစ်စီး(ယာဉ်အမျိုးအစားနှင့်ယာဉ်မောင်းစုံစမ်းဆဲ)နှင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး(အမည်၊နေရပ်လိပ်စာ စုံစမ်းဆဲ)တိုက်မိပြီး မော်တော်ယာဉ်မှာ မောင်းပြီးထွက်ပြေးသွားကြောင်း ကျွန်းပင်သာကျေးရွာနေ ပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးပြီး သေဆုံးသူအား လောကတ္ထစရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းဆေးရုံသို့ပိုဆောင်ထားကြောင်း ကနဦးသတင်းအရသိရသည်။

ထွက်ပြေးသွားသူ ယာဉ်မောင်းနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းအား မြို့မရဲစခန်းမှ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲခြင်းပြီးသေဆုံး ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲခြင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.